ဓမ္မဟေ၀န်
  သတင်းများ
 
ဓမ္မကုသလ သာသနာ့အကျိုးဆောင်အသင်း ********************************************* တရားချစ်ခင် စိတ်ကောင်းဝင်ကြကုန်သော တရားတော်တို့ကို ရိုသေစွာ နာယူတော်မူလိုကြသော သူတော်ကောင်း ဓမ္မမိတ်ဆွေအပေါင်းတို့ခင်ဗျာ ထောက်ကြန့်မြို့ ၊ လမ်းသစ်မှတ်တိုင်ရှိ မဟာသစ္စကာရီ ကမ္မဋ္ဌာန်းကျောင်း ဆရာတော်ဘုရားကြီး၏ သြ၀ါဒကိုခံယူထားပြီး သာသနာ့အကျိုးဆောင်လုပ်ငန်းများ ဆောင်ရွက်ရန် ဖွဲ့စည်းထားပါသည်။ အဓိကအားဖြင့် တရားပွဲများသို့ မော်တော်ယဉ်များဖြင့် ကြို / ပို့ခြင်းများအား ဆောင်ရွက်နေပါသည်။ ကြို / ပို့ ဆောင်ရွက်နေစဉ် ဓမ္မမိတ်ဆွေများ၏ ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်းစိစဉ်ဆောင်ရွက် ထားရှိပါသည်။ အသင်းအနေဖြင့် ဓမ္မဒါန နိဗ္ဗာန်ကူတို့ ဆောင်ရွက်ရာတွင် အသင်းသားများ၏ ပင်မမတည်ငွေ /လစဉ် ထည့်ဝင်ငွေများဖြင့် လုပ်ဆောင်နေပါသည်။ ထို့သို့လုပ်ငန်းများလုပ်ဆောင်ရာတွင် အသင်းမတည်ငွေများ လိုအပ်နေပါသောကြောင့် ဓမ္မမိတ်ဆွေ များအနေနှင့် စွမ်းနိုင်သည့်ဘက်မှ အားပေးကူညီစေလိုပါသည်။ အသင်းဝင်များအနေဖြင့်လည်း ပါဝင် ကုသိုလ်ယူနိုင်ကြပါစေလို့ သာသာနာ့အကျိုး ရည်မျှော်ကိုး၍ တိုက်တွန်းနှိုးဆော်အပ်ပါသည်ခင်ဗျာ။ အကျိုးတော်ဆောင်များ ****************************************************************************************** e-book ပြုလုပ်၍ ဓမ္မဒါနပြုကြရအောင် ပြည်ပမှာ စီးပွား ရှာနေကြ၊ ပညာ သင်ယူနေကြတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ ဘာသာတရားနဲ့ ဝေးမသွားစေဖို့ အဓိက ရည်ရွယ်ခြင်း ဖြစ်ပါသည်။ ပြည်ပမှာ ဓမ္မစာပေတွေကို ဝယ်ယူ ဖတ်ရှုဖို့ လွယ်ကူလိမ့်မည် မဟုတ်ပေ။ အလုပ်က တစ်ဖက်၊ စာကတစ်ဖက်နဲ့ဆိုတော့ တကူးတက လိုက်လံ ရှာဖွေ ဝယ်ယူနိုင်ဖို့ အတွက်လည်း အဆင်ပြေချင်မှ ပြေပါလိမ့်မယ်။ ဗုဒ္ဓဘာသာ မရှိသလောက် ရှားပါးတဲ့ နိုင်ငံတွေမှာ ရောက်နေမယ်ဆိုရင် ဘာသာရေး ဗဟုသုတ အလွန် ငတ်မွတ်နေမှာ သေချာပါတယ်။ ထိုအခါ မိရိုးဖလာ ဗုဒ္ဓဘာသာ အဆင့်မျှသာ ရှိနေသေးသူများအဖို့ နီးစပ်ရာ ဘာသာခြားများ၏ စည်းရုံးမှုများကြောင့် ဘာသာခြားများ ဖြစ်သွားသည် အထိပင် ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ပြည်ပရောက် မြန်မာနိုင်ငံသားများ ဘာသာရေးနဲ့ ဝေးမသွားရလေအောင်၊ ဘာသာရေး ဗဟုသုတများ တိုးပွားရလေအောင် ဓမ္မစာပေများကို e-book အဖြစ် ပြန်လည်ဖန်တီး၍ မျှဝေပေးနိုင်ရန် လိုအပ်ပါသည်။ အလှူဒါန အားလုံးတို့တွင် အမြတ်ဆုံး ဒါနဖြစ်သည့် ဓမ္မဒါနပြုရာလည်း ရောက်မည် ဖြစ်ပါသည်။ သာသနာဟူသော ဗုဒ္ဓမြတ်စွာဘုရားရှင်၏ အဆုံးအမများကို ပြန့်ပွားအောင် လှူဒါန်းခြင်း ဖြစ်သည့်အတွက် သာသနာပြုရာလည်း ရောက်မည် ဖြစ်သည်။ ပြည်ပရောက် မြန်မာအများစုသည် online အသုံးပြုကြသူ များပါသည်။ ထို့ကြောင့် မိမိ မျှဝေ လှူဒါန်းလိုက်သော စာအုပ်သည် ၄င်းတို့ နေအိမ်၌ပင် online မှ တဆင့် Download လုပ်ယူနိုင်သောကြောင့် အိမ်တိုင်ယာရောက် လိုက်လံ လှူဒါန်းသကဲ့သို့ ဖြစ်မည် ဖြစ်သည်။ ထို့ကြောင့် ဓမ္မစာပေများကို e-book အဖြစ်ဖန်တီး၍ မိမိတို့ တတ်နိုင်သလောက် ဓမ္မဒါနပြုပေးကြပါရန် လေးစားစွာ အကြံပြု တိုက်တွန်းလိုက်ပါရစေ။ သို့သော် သတိပြုရမည်မှာ မိမိ e-book ပြုလုပ်မည့် စာအုပ်သည် online တွင် လုပ်ပြီးသား ရှိမရှိ အရင် ရှာကြည့်စေချင်ပါသည်။ လုပ်ပြီးသား မရှိသေးသည့် စာအုပ်ဖြစ်မှသာ e-book အဖြစ် ဖန်တီးရန် တိုက်တွန်းပါရစေ။ e-book ပြုလုပ်ရန် လိုအပ်ချက်များ ရှိပါသည်။ ထို အချက်များနှင့် ပြည့်စုံပါမှလည်း အဆင်ပြေလိမ့်မည် ဖြစ်၏။ (၁) ဓမ္မဒါနပြုလိုသော စေတနာ သဒ္ဓါစိတ် ရှိရမည်။ (၂) မိမိခေတ္တခဏ အားလပ်သည့်အချိန်တွင် မိမိအတွက် အနားမယူဘဲ၊ သာသနာအတွက် အချိန်ပေး၍ စာရိုက်နိုင်ရမည်။ (၃) ကိုယ်ပိုင် (သို့မဟုတ်) မိမိ အားလပ်သည့်အချိန် အသုံးပြုနိုင်သော Computer တစ်လုံး ရှိရမည်။ (၄) မိမိ e-book အဖြစ် ပြုလုပ်လိုသော ဓမ္မစာအုပ် ရှိရမည်။ (၅) စာစီစာရိုက် လုပ်ကိုင်နိုင်သော Software တစ်ခုခု တတ်ကျွမ်းရမည်။ e-book လုပ်နည်း (၂)မျိုး (၁) Scan ဖတ်ပြီး လုပ်နည်း (၂) အစအဆုံး စာပြန်စီ၍ လုပ်နည်း (၁) Scan ဖတ်ပြီး လုပ်နည်းသည် စာပြန်ရိုက်စရာ မလိုသည့်အတွက် မြန်ဆန်သည်မှာ မှန်၏။ သို့သော် မိမိပြုလုပ်သော e-book ဖိုင်သည် အလွန် Size ကြီးသွားမည် ဖြစ်သည်။ ထို့ကြောင့် upload / download လုပ်ရာတွင် အလွန်ကြာမြင့်၍ Storage တွင်လည်း နေရာယူမည် ဖြစ်သည်။ စာများကို Scan ဖတ်ရသည့်အတွက် ရှင်းလင်း ပြတ်သားမှု အားနည်းမည်။ e-book အတွင်းရှိ မိမိလိုချင်သော စာသားများကိုလည်း ပြန်လည် (copy) ကူးယူ၍ ရတော့မည် မဟုတ်ပေ။ (၂) အစအဆုံး စာပြန်စီ၍ လုပ်နည်းသည် စာပြန်ရိုက်ရသည့်အတွက် အချိန်ကြာမည်၊ ပင်ပန်းမည် ဖြစ်၏။ သို့သော် e-book ဖိုင် Size အလွန် သေးငယ်သွားမည် ဖြစ်သည်။ upload / download လုပ်ရာတွင် မြန်ဆန်၍ Storage တွင်လည်း နေရာ အနည်းငယ်သာ ယူမည် ဖြစ်သည်။ ရှင်းလင်း ပြတ်သားမှုလည်း အလွန်ကောင်းမည် ဖြစ်သည်။ e-book အတွင်းရှိ မိမိလိုချင်သော စာသားများကိုလည်း (copy) ကူးယူ၍ ရမည် ဖြစ်သည်။ စာအုပ် တစ်အုပ်ကို စာပြန်စီ၍ ပြုလုပ်ပါက ဖိုင် Size 1Mb ဝန်းကျင် ရှိမည်ဆိုလျှင် Scan ဖတ်၍ လုပ်ပါက 30Mb ဝန်းကျင် ရှိမည် ဖြစ်သည်။ အားနည်းချက် များစွာလည်း ရှိနေပါသေးသည်။ ထို့ကြောင့် Scan ဖတ်၍ လုပ်နည်းကိုမူ မတိုက်တွန်းလိုပါ။ e-book ပြုလုပ်ရန် software တစ်ခု လိုအပ်ပါသည်။ CuteWriter software သည် အဆင်အပြေဆုံး ဖြစ်သည်။ အောက်တွင် CuteWriter နှင့်အတူ e-book ပြုလုပ်နည်းကို မျှဝေပေးထားပါသည်။ Cute Writer (Download - Click here) Making e-book (Download - Right Click Save) ++++++++++++++++++++++++++++++++++++++++++++++++++++++++++ http://mtbgroup.ning.com/profiles/blogs/ebook-1 ဤလင့် (မြန်မာ့ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်များအဖွဲ့) မှ ကူးယူဖော်ပြ မျှဝေအပ်ပါတယ် ခင်ဗျာ...။ လေးစားစွာဖြင့် ဖိုးသား မေတ္ထာကမ္ဘာလူမှုကူညီရေးအသင်း၏ ဒုတိယအကြိမ်မြောက်အလှူတော်အတွက်နှိုးဆော်လွှာ မေတ္တာကမ္ဘာ လူမှုကူညီရေးအသင်း၏ စည်းရုံးရေးမှူး မနှင်ဟေမာ www.hninnaymar.blogspot.com ရဲ့ ရေးသားနှိုးဆော်မှုကို ပြန်လည် ဖော်ပြပါသည်။ စာနာထောက်ထားခြင်း၊ ဖေးမကူညီခြင်း၊ ငဲ့ညှာသနားခြင်း၊စွန့်လွှတ်အနစ်နာခံခြင်း၊ရက်ရောပေးကမ်းခြင်း၊ ချီးမြှောက်ကယ်တင်ခြင်း ၊ ဂရုဏာထားခြင်း တည်းဟူသော မေတ္တာတရား၏ အနှစ်သာရ နှင့် ဗုဒ္ဓ၏ အဆုံးအမများကို အခြေခံ၍ မိမိတို့ နိုင်ငံ၏ အမျိုးဘာသာ သာသနာတော်အား တစ်ထောင့်တစ်နေရာမှ တတ်စွမ်းသလောက် ထိန်းသိမ်း စောင့်ရှောက်သွားရန်၊ အမှန်တစ်ကယ် လိုအပ်လျှက်ရှိသော နေရာများအား မွန်မြတ်သော ပရဟိတစိတ်ဓါတ်ဖြင့် မိမိတို့ တတ်စွမ်းသလောက် ကူညီထောက်ပံ့ သွားရန်နှင့်နွမ်းပါးသော ကလေးငယ်လေးများ၏ အနာဂတ် ဘ၀အခြခိုင်မာမှုအတွက် တတ်နိုင်သမျှ ကူညီဖေးမသွားကြရန်.. ဟူသော ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့ကြသော. မြန်မာပြည်သို့ အကူအညီပေးမည့် မေတ္တာကမ္ဘာလူမှုကူညီရေးအသင်း၏ ဒုတိယ အကြိမ်မြောက်အလှူတော်ကို ( 21-09-2009) စင်္ကာပူစံတော်ချိန် နေ့လည် ၂နာရီတွင် ပြုလုပ်ပြီးစီးသော အသင်း၏ အစည်းဝေးဆုံးဖြတ်ချက်အရ အမှန်တစ်ကယ် လိုအပ်လျှက်ရှိသော နေရာများထဲမှ အလိုအပ်ဆုံးနေရာလေးတစ်ခုအား လှူဒါန်းရန် အတည်ပြုသတ်မှတ်ခဲ့ကြပါသည်...။ အသင်းသားအားလုံး၏ သဘောတူဆုံးဖြတ်ချက်အရ အောက်တိုဘာလကုန်၌ အခြခံပညာမူလတန်းလွန်ကျောင်းလေးတွင် အရေးတကြီးလိုအပ်လျှက်ရှိသော စာသင်ဆောင် တစ်ဆောင် ဆောက်လုပ် လှူဒါန်းသွားမည် ဖြစ်ပါသည်။ အမြန်ဆုံးအကောင်အထည်ဖော်လှူဒါန်းနိုင်ရေးအတွက် စေတနာရှင် အလှူရှင်များ အနေဖြင့် ကျမ တို့ မေတ္တာကမ္ဘာလူမှုကူညီရေးအသင်း နှင့်ပူးပေါင်းပါဝင်လှူဒါန်းမှုများ ပြုလုပ်နိုင်ကြရန် ကျမ မနှင်းဟေမာ ( စည်းရုံးရေးမှူး - စင်္ကာပူ ) မှ အသင်းအဖွဲ့တစ်ခုလုံး၏ ကိုယ်စား အားလုံးသော ဘလော့ဂါ မောင်နှမများ ၊ မေတ္တာကမ္ဘာ အသင်းသားများ နှင့် စေတနာထက်သန်ကြသော အလှူရှင်များထံသို့ အသိပေးနှိုးဆော်အပ်ပါသည်....။ ဒုတိယ အကြိမ်မြောက် မေတ္တာကမ္ဘာလူမှုကူညီရေးအသင်းမှ လှူဒါန်းမည့် နေရာ မေတ္တကမ္ဘာအသင်း၏ ဒုတိယအကြိမ်မြောက် အလှူတော် အတွက် သတ်မှတ်ချက်နေရာမှာ မန္ထလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် အတွင်းရှိ မကြီးချိုကျေးရွာ အခြခံပညာ မူလတန်းလွန်ကျောင်း ဖြစ်ပါသည်။ ယနေ့ စက်တင်ဘာလ (၁၂)ရက်နေ့ စင်္ကာပူအချိန် ညနေ ၈း၁၅ တွင် ဆရာတော် အရှင် သာဓိန ဟောကြားတော်မူသော "ရေကြည် ရေနောက်" တရားတော်ကို http://live.dhammathukha.com/ မှ (တိုက်ရိုက်) ထုတ်လွှင့်သွားမည် ဖြစ်ပါ၍ တရားတော်အား လာရောက်ကြည်ညို နာယူကြဖို့ ဓမ္မမောင်နှမတို့အား လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါတယ် ခင်ဗျာ... ဆရာတော့် ပုံတော်ကိုလည်း ကြည်ညိုနိုင်ကြဖို့ ပူးတွဲ ပေးပို့လိုက်ပါတယ် ခင်ဗျာ..။ 4.jpg 110K View Scan and download လေးစားရိုသေစွာဖြင့် ဖိုးသား ဓမ္မမောင်နှမတို့ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ... ဆရာတော် သရဖူ အရှင်တေဇနိယ (ကိုလံဘိုတက္ကသိုလ်၊ သီရိလင်္ကာ) ဟောကြားတော်မူသော *အခွင့်ကောင်းကို အသုံးချပါ* တရားတော်အား သာသနာတော်နှစ် ၂၅၅၃၊ မဟာကောဇာသက္ကရာဇ် ၁၃၇၁၊ တော်သလင်းလဆန်း ၃-ရက်၊ ခရစ်နှစ် 22.08.2009 ရက်နေ့ စင်္ကာပူ စံတော်ချိန် ည ၈-နာရီ၊ မြန်မာစံတော်ချိန်နဲ့တွက်ရင် ညနေ ခြောက်ခွဲ၊ မော်စကို စံတော်ချိန် ညနေ ၄-နာရီ တွင် http://live.dhammathukha.com/ လင့်မှ တိုက်ရိုက် ထုတ်လွှင့်ပေးသွားမှာ ဖြစ်ပါ၍ တရားနာ ကြွရောက်ကြဖို့ လေးစားစွာနဲ့ ဖိတ်ကြားအပ်ပါတယ် ခင်ဗျား...။ ယနေ့ စက်တင်ဘာလ (၁၂)ရက်နေ့ စင်္ကာပူအချိန် ညနေ ၈း၁၅ တွင် ဆရာတော် အရှင် သာဓိန ဟောကြားတော်မူသော "ရေကြည် ရေနောက်" တရားတော်ကို http://live.dhammathukha.com/ မှ (တိုက်ရိုက်) ထုတ်လွှင့်သွားမည် ဖြစ်ပါ၍ တရားတော်အား လာရောက်ကြည်ညို နာယူကြဖို့ ဓမ္မမောင်နှမတို့အား လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါတယ် ခင်ဗျာ... ဆရာတော့် ပုံတော်ကိုလည်း ကြည်ညိုနိုင်ကြဖို့ ပူးတွဲ ပေးပို့လိုက်ပါတယ် ခင်ဗျာ..။ 4.jpg 110K View Scan and download လေးစားရိုသေစွာဖြင့် ဖိုးသား ဓမ္မမောင်နှမတို့ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ... ဆရာတော် သရဖူ အရှင်တေဇနိယ (ကိုလံဘိုတက္ကသိုလ်၊ သီရိလင်္ကာ) ဟောကြားတော်မူသော *အခွင့်ကောင်းကို အသုံးချပါ* တရားတော်အား သာသနာတော်နှစ် ၂၅၅၃၊ မဟာကောဇာသက္ကရာဇ် ၁၃၇၁၊ တော်သလင်းလဆန်း ၃-ရက်၊ ခရစ်နှစ် 22.08.2009 ရက်နေ့ စင်္ကာပူ စံတော်ချိန် ည ၈-နာရီ၊ မြန်မာစံတော်ချိန်နဲ့တွက်ရင် ညနေ ခြောက်ခွဲ၊ မော်စကို စံတော်ချိန် ညနေ ၄-နာရီ တွင် http://live.dhammathukha.com/ လင့်မှ တိုက်ရိုက် ထုတ်လွှင့်ပေးသွားမှာ ဖြစ်ပါ၍ တရားနာ ကြွရောက်ကြဖို့ လေးစားစွာနဲ့ ဖိတ်ကြားအပ်ပါတယ် ခင်ဗျား...။ ယနေ့ စက်တင်ဘာလ (၁၂)ရက်နေ့ စင်္ကာပူအချိန် ညနေ ၈း၁၅ တွင် ဆရာတော် အရှင် သာဓိန ဟောကြားတော်မူသော "ရေကြည် ရေနောက်" တရားတော်ကို http://live.dhammathukha.com/ မှ (တိုက်ရိုက်) ထုတ်လွှင့်သွားမည် ဖြစ်ပါ၍ တရားတော်အား လာရောက်ကြည်ညို နာယူကြဖို့ ဓမ္မမောင်နှမတို့အား လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါတယ် ခင်ဗျာ... ဆရာတော့် ပုံတော်ကိုလည်း ကြည်ညိုနိုင်ကြဖို့ ပူးတွဲ ပေးပို့လိုက်ပါတယ် ခင်ဗျာ..။ 4.jpg 110K View Scan and download လေးစားရိုသေစွာဖြင့် ဖိုးသား ဆရာတော် သရဖူ အရှင်တေဇနိယ (ကိုလံဘိုတက္ကသိုလ်၊ သီရိလင်္ကာ) ဟောကြားတော်မူသော *အခွင့်ကောင်းကို အသုံးချပါ* တရားတော်အား သာသနာတော်နှစ် ၂၅၅၃၊ မဟာကောဇာသက္ကရာဇ် ၁၃၇၁၊ တော်သလင်းလဆန်း ၃-ရက်၊ ခရစ်နှစ် 22.08.2009 ရက်နေ့ စင်္ကာပူ စံတော်ချိန် ည ၈-နာရီ၊ မြန်မာစံတော်ချိန်နဲ့တွက်ရင် ညနေ ခြောက်ခွဲ၊ မော်စကို စံတော်ချိန် ညနေ ၄-နာရီ တွင် http://live.dhammathukha.com/ လင့်မှ တိုက်ရိုက် ထုတ်လွှင့်ပေးသွားမှာ ဖြစ်ပါ၍ တရားနာ ကြွရောက်ကြဖို့ လေးစားစွာနဲ့ ဖိတ်ကြားအပ်ပါတယ် ခင်ဗျား...။ လေးစားရိုသေစွာဖြင့် ဖိုးသား ကမ္ဘာ တလွှားရှိ ဗုဒ္ဓ ဘာသာနှင့် ပတ်သတ်သမျှ သတင်း အချက်အလက်များ၊ စာအုပ် စာတမ်းများ၊ တရား တိပ်ခွေများ၊ ဆရာတော် ဘုရားများ၏ အင်တာနက် စာမျက်နှာများ၊ ဓမ္မ ဘလော့ဂ်ဂါ များ၏ အင်တာနက် စာမျက်နှာများ၊ ဓါတ်ပုံများ၊ ပရဟိတ လုပ်ငန်းများ၏ လှုပ်ရှားနေမှု သတင်းများနှင့် ဓမ္မနှင့် ဆိုင်ရာ မှီငြမ်းစရာ အချက် အလက် အဖြာဖြာကို တစုတဝေးတည်း လွယ်ကူစွာ လေ့လာ ဖတ်ရှုနိုင်ရန်နှင့် မိမိတို့ သိရှိထားသော သတင်း အချက်အလက် များကိုလည်း လာရောက် လေ့လာ ဖတ်ရှုသူများ အားလုံး သိရှိနိုင်စေဖို့  လွယ်လင့်တကူ ကိုယ်တိုင် ဖြန်ဝေ ပေးနိုင်စေရန် ဟူသော ရည်ရွယ်ချက် များဖြင့် ဓမ္မ အင်တာနက် စာမျက်နှာ တစ်ခုကို မြန်မာနှစ်ဆန်း (၁)ရက်နေ့ မှ စတင် ကြည့်ရှုနိုင်ရန် ကျွန်တော်တို့ ဓမ္မ ဘလော့ဂ်ဂါ ညီအစ်ကို မောင်နှမများမှ ကြိုးစား စီစဉ် ဆောက်ရွက်လျက် ရှိနေပါသည်။

ကိုယ်ပိုင် ဘလော့ဂ် မရှိသေးသော ဘာသာရေး ဆောင်းပါးရှင်များ အနေဖြင့်လည်း မိမိတို့ ရေးသား ထားသော ဆောင်းပါများကို ကျွန်တော်တို့ ထံသို့ မေးလ်မှတဆင့် ပေးပို့ ခြင်းဖြင့် အင်တာနက် စာမျက်နှာ ပေါ်တွင် အားလုံး ဖတ်ရှုနိုင်ရန် စီစဉ် ဆောင်ရွက် ပေးသွားပါမည်။

ထို့ပြင် ပြည်တွင်း ပြည်ပမှ ဘာသာရေး ဆိုင်ရာ သတင်း အချက်အလက်များ၊ ဆရာတော် ဘုရားများ၏ သာသနာရေး ဆောင်ရွက်မှုများ၊ ဘာသာရေး အသင်းအဖွဲ့ များ၏ လှုပ်ရှားမှု များနှင့် လူမှုရေး လုပ်ငန်းများ၏ ဆောင်ရွက်နေမှု သတင်းများကိုလည်း ကျွန်တော်တို့ ထံသို့  သတင်းပေးပို့ နိုင်ကြပါသည် ခင်ဗျား။

ဤ အင်တာနက် စာမျက်နှာ များဖြင့် မြတ်ဗုဒ္ဓ၏ သာသနာတော် အဓွန့်ရှည် စည်ပင် ထွန်းကား ပြန့်ပွားနိုင်ရေး အတွက် အားလုံး ၀ိုင်းဝန်းကူညီ လက်တွဲ ဆောင်ရွက် သွားကြဖို့ မေတ္တာရပ်ခံ ပန်ကြား အပ်ပါသည် ခင်ဗျား။ ၀ိမုတ္တိရသ နှင့် စီစဉ်ဆောင်ရွက်သူများ
 
  Today, there have been 3 visitors (13 hits) on this page! မြတ်ဗုဒ္ဓတရားတော်များ ပြန့်ပွားရေးအတွက် အကြောင်းအရာများ အားလုံးကို ကူးယူနိုင်ကြပါသည်  
 
မြတ်ဗုဒ္ဓတရားတော်များ ပြန့်ပွားရေးအတွက် အကြောင်းအရာများ အားလုံးကို ကူးယူနိုင်ကြပါသည် This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free