ဓမ္မဟေ၀န်
  ဓမ္မဟေ၀န်
 
http://www.dhammahaewon.page.tl/ckeditor/_samples/index.html

နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ


ဓမ္မစကားနေတိုင်းကြားက စိတ်ထားဖွေးလက် သိဥာဏ်ထက်၏

အလှူအားလုံးတို့တွင် တရားအလှူသည် အမြတ်ဆုံးဖြစ်သည်


ဗုဒ္ဓတရားတော်ပြန့်ပွားရေး

http://dhammahaewon.page.tl

ဓမ္မမိတ်ဆွေများသို့

ဓမ္မဟေ၀န် ဗုဒ္ဓတရားတော်ပြန့်ပွားရေးမှ တရားတော် DVD, VCD, MP3, Audio CD, CD-Rom များကိုဓမ္မဒါနပြုနေပါသည်။ဓမ္မမိတ်ဆွေများအမည်နှင့် ဓမ္မဒါနပြုလိုပါလျှင်လည်း အကျိုးအမြတ်မယူဘဲ တာဝန်ယူဆောင်ရွက်ပေးနေပါသည်။

ဓမ္မဒါန

kozawnaingtun@gmail.com
mzwin24@gmail.com
kolinlin33@gmail.com

mamalaynwe@gmail.com


-----------------------------------------------------------------------------------

မိုးကုတ်ဆရာတော်ဘုရားကြီး တရားတော် PDS များ http://rapidshare.com/files/397122952/Mogok_Bio_by_U__Kyaw_Thein.pdf.html ဓမ္မကုသလ သာသနာ့အကျိုးဆောင်အသင်း ******************************************** ******************************************** တရားချစ်ခင် စိတ်ကောင်းဝင်ကြကုန်သော တရားတော်တို့ကို ရိုသေစွာ နာယူတော်မူလိုကြသော သူတော်ကောင်း ဓမ္မမိတ်ဆွေအပေါင်းတို့ခင်ဗျာ ထောက်ကြန့်မြို့ ၊ လမ်းသစ်မှတ်တိုင်ရှိ မဟာသစ္စကာရီ ကမ္မဋ္ဌာန်းကျောင်း ဆရာတော်ဘုရားကြီး၏ သြ၀ါဒကိုခံယူထားပြီး သာသနာ့အကျိုးဆောင်လုပ်ငန်းများ ဆောင်ရွက်ရန် ဖွဲ့စည်းထားပါသည်။ အဓိကအားဖြင့် တရားပွဲများသို့ မော်တော်ယဉ်များဖြင့် ကြို / ပို့ခြင်းများအား ဆောင်ရွက်နေပါသည်။ ကြို / ပို့ ဆောင်ရွက်နေစဉ် ဓမ္မမိတ်ဆွေများ၏ ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်းစိစဉ်ဆောင်ရွက် ထားရှိပါသည်။ အသင်းအနေဖြင့် ဓမ္မဒါန နိဗ္ဗာန်ကူတို့ ဆောင်ရွက်ရာတွင် အသင်းသားများ၏ ပင်မမတည်ငွေ /လစဉ် ထည့်ဝင်ငွေများဖြင့် လုပ်ဆောင်နေပါသည်။ ထို့သို့လုပ်ငန်းများလုပ်ဆောင်ရာတွင် အသင်းမတည်ငွေများ လိုအပ်နေပါသောကြောင့် ဓမ္မမိတ်ဆွေ များအနေနှင့် စွမ်းနိုင်သည့်ဘက်မှ အားပေးကူညီစေလိုပါသည်။ အသင်းဝင်များအနေဖြင့်လည်း ပါဝင် ကုသိုလ်ယူနိုင်ကြပါစေလို့ သာသာနာ့အကျိုး ရည်မျှော်ကိုး၍ တိုက်တွန်းနှိုးဆော်အပ်ပါသည်ခင်ဗျာ။ ***************************************** ***************************************** ရွှေရတု တိပိဋကဆရာတော် အရှင်ဝံသပါလာ လင်္ကာရ (ရုပ်-သံ တိုက်ရိုက် တရားပွဲ) ဖေဖော်ဝါရီ ၁၀၊ နယူးယောက်စံတော်ချိန် 5:30 PM, ရုရှ စံတော်ချိန်ဖြင့်ဆိုလျှင် ဖေဖော်ဝါရီ ၁၁၊ 1:30 AM, စင်္ကာပူ စံတော်ချိန် ဖေဖော်ဝါရီ ၁၁၊ 6:30 AM အချိန်တွင် http://live.dhammathukha.com/ မှ ရုပ်သံ တိုက်ရိုက် ထုတ်လွှင့်ပေးသွားမည် ဖြစ်ပါ၍ တရားတော်နာ ကြွရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါတယ် ခင်ဗျာ...။ ---------------*********--------------- သင့်လျော်သောအခါ၌ တရားနာခြင်း သင့်လျော်သောအခါ၌ တရားနာခြင်းသည် မင်္ဂလာတပါး ဖြစ်သည်။ တနည်းအားဖြင့်-ကြီးပွားချမ်းသာခြင်း၏ အကြောင်းတရပ် ဖြစ်သည်။ အောက်ပါဇာတ်တော်ကို သာဓကအဖြစ် တင်ပြပါသည်။ တရံရောအခါ ဗုဒ္ဓဘုရားရှင်သည် စမ္ပာပြည်ရှိ ဂဂ္ဂရာရေကန်အနီးဝယ် သီတင်းသုံးလျက် ရှင်လူအများအား တရားဟောတော်မူသည်။ ထိုစဉ် ကန်အတွင်း၌နေသော ဖားငယ်တကောင်သည် ရေကန်ထဲမှ ထွက်လာသည်။ ပရိသတ်အစွန် တနေရာ၌ ၀ပ်လျက်-သည်အသံသည် တရားတော်၏ အသံပင်ဖြစ်၏-ဟူ၍ အာရုံပြုကာ နာယူလျက်ရှိသည်။ ထိုအခိုက် နွားကျောင်းသားတယောက်သည်လည်း ထိုနေရာသို့ ရောက်လာသည်။ ၀င်ရောက် တရားနာယူသည်။ တရားနာရာ၌ သူသည် နွားမောင်းသည့် နှင်တံတုတ်ကို ထောက်လျက် နာယူသည်။ ထိုအခါ သူ၏ နှင်တံတုတ်သည် ဖားငယ်၏ ဦးခေါင်းပေါ်သို့ မတော်တဆ ထောက်မိသွားသည်။ ဖားငယ်သည် ထိခိုက်ဒဏ်ရာရကာ ထိုနေရာမှာပင် သေဆုံးသွားရှာသည်။ ဖားငယ်သည် တရားတော်၏ အနက်အဓိပ္ပါယ်ကို မသိ။ သို့ရာတွင် တရားတော်ကို အာရုံပြုလျက် ကြည်သာရွှင်လန်းသောစိတ်အစဉ်ရှိနေစဉ် သေဆုံးသွားသဖြင့် တာဝတိံသာနတ်ပြည်ဝယ် နတ်သားသွားဖြစ်သည်။ ရွှေဗိမာန်၌ နတ်သမီး အခြံအရံပေါင်းများစွာဖြင့် စံစားရသည်။ မဏ္ဍူကဒေ၀ပုတ္တ (ဖားနတ်သား) ဟူ၍ အမည်တွင်သည်။ ထိုဖားနတ်သားသည် အတိတ်ဘ၀က ဖားသူငယ်ဖြစ်ခဲ့ပုံနှင့် ဘုရားရှင်၏တရားတော်ကို နာခဲ့ရသဖြင့် ယခုကဲ့သို့ နတ်သားဖြစ်လာခဲ့ရပုံကို ဆင်ခြင်မိသည်။ သို့ဖြင့် သူသည် အခြံအရံများနှင့်တကွ လူ့ပြည်သို့ ဆင်းလာသည်။ တရားဟောနေသော ဘုရားရှင်ကို သွားရောက်ဖူးမြော်သည်။ ဘုရားရှင်သည် ဖားနတ်သား၏ဖြစ်ကြောင်း ကုန်စင်ကို တန်ခိုးတော်ဖြင့် သိတော်မူပြီးဖြစ်သည်။ သို့ရာတွင် တရားနာပရိတ်သတ်များ ထင်ရှားစွာသိစေလို သဖြင့် ဖားနတ်သားကို အကျိုးအကြောင်း မေးမြန်းသည်။ ဖားနတ်သားကလည်း ဖြစ်ပျက်ပုံအလုံးစုံကို လျှောက်ထားသည်။ ထိုအခါ ဘုရားရှင်သည် တရားနာခြင်း၏ အကျိုးကို ရှင်းလင်းဟောပြောတော်မူသည်။ နိဗ္ဗာန်ရောက်ကြောင်း တရားကိုလည်း ဆက်လက်ဟောပြောတော်မူသည်။ တရားအဆုံးတွင် ဖားနတ်သားသည် သောတာပန်တည် သွားသည်။ တရားနာပရိသတ်တို့လည်း ထူးမြတ်သောအကျိုးကျေးဇူးကို ခံစားရရှိလေသည်။ (အကိုး။ ။ မဏ္ဍူကဒေ၀ပုတ္တ၊ ဖားနတ်သားဝတ္ထု၊ ၀ိမာနအဋ္ဌကထာ) ( မင်းယုဝေ) ( မြတ်မင်္ဂလာ ၂၀၀၃၀-ခု စက်တင်ဘာလ) pyae soneaung ဖေဖော်ဝါရီ ၁၀၊ နယူးယောက်စံတော်ချိန် 5:30 PM, ရုရှ စံတော်ချိန်ဖြင့်ဆိုလျှင် ဖေဖော်ဝါရီ ၁၁၊ 1:30 AM, စင်္ကာပူ စံတော်ချိန် ဖေဖော်ဝါရီ ၁၁၊ 6:30 AM အချိန်တွင် http://live.dhammathukha.com/ မှ ရုပ်သံ တိုက်ရိုက် ထုတ်လွှင့်ပေးသွားမည် ဖြစ်ပါ၍ တရားတော်နာ ကြွရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါတယ် ခင်ဗျာ...။ ---------------*********--------------- သင့်လျော်သောအခါ၌ တရားနာခြင်း သင့်လျော်သောအခါ၌ တရားနာခြင်းသည် မင်္ဂလာတပါး ဖြစ်သည်။ တနည်းအားဖြင့်-ကြီးပွားချမ်းသာခြင်း၏ အကြောင်းတရပ် ဖြစ်သည်။ အောက်ပါဇာတ်တော်ကို သာဓကအဖြစ် တင်ပြပါသည်။ တရံရောအခါ ဗုဒ္ဓဘုရားရှင်သည် စမ္ပာပြည်ရှိ ဂဂ္ဂရာရေကန်အနီးဝယ် သီတင်းသုံးလျက် ရှင်လူအများအား တရားဟောတော်မူသည်။ ထိုစဉ် ကန်အတွင်း၌နေသော ဖားငယ်တကောင်သည် ရေကန်ထဲမှ ထွက်လာသည်။ ပရိသတ်အစွန် တနေရာ၌ ၀ပ်လျက်-သည်အသံသည် တရားတော်၏ အသံပင်ဖြစ်၏-ဟူ၍ အာရုံပြုကာ နာယူလျက်ရှိသည်။ ထိုအခိုက် နွားကျောင်းသားတယောက်သည်လည်း ထိုနေရာသို့ ရောက်လာသည်။ ၀င်ရောက် တရားနာယူသည်။ တရားနာရာ၌ သူသည် နွားမောင်းသည့် နှင်တံတုတ်ကို ထောက်လျက် နာယူသည်။ ထိုအခါ သူ၏ နှင်တံတုတ်သည် ဖားငယ်၏ ဦးခေါင်းပေါ်သို့ မတော်တဆ ထောက်မိသွားသည်။ ဖားငယ်သည် ထိခိုက်ဒဏ်ရာရကာ ထိုနေရာမှာပင် သေဆုံးသွားရှာသည်။ ဖားငယ်သည် တရားတော်၏ အနက်အဓိပ္ပါယ်ကို မသိ။ သို့ရာတွင် တရားတော်ကို အာရုံပြုလျက် ကြည်သာရွှင်လန်းသောစိတ်အစဉ်ရှိနေစဉ် သေဆုံးသွားသဖြင့် တာဝတိံသာနတ်ပြည်ဝယ် နတ်သားသွားဖြစ်သည်။ ရွှေဗိမာန်၌ နတ်သမီး အခြံအရံပေါင်းများစွာဖြင့် စံစားရသည်။ မဏ္ဍူကဒေ၀ပုတ္တ (ဖားနတ်သား) ဟူ၍ အမည်တွင်သည်။ ထိုဖားနတ်သားသည် အတိတ်ဘ၀က ဖားသူငယ်ဖြစ်ခဲ့ပုံနှင့် ဘုရားရှင်၏တရားတော်ကို နာခဲ့ရသဖြင့် ယခုကဲ့သို့ နတ်သားဖြစ်လာခဲ့ရပုံကို ဆင်ခြင်မိသည်။ သို့ဖြင့် သူသည် အခြံအရံများနှင့်တကွ လူ့ပြည်သို့ ဆင်းလာသည်။ တရားဟောနေသော ဘုရားရှင်ကို သွားရောက်ဖူးမြော်သည်။ ဘုရားရှင်သည် ဖားနတ်သား၏ဖြစ်ကြောင်း ကုန်စင်ကို တန်ခိုးတော်ဖြင့် သိတော်မူပြီးဖြစ်သည်။ သို့ရာတွင် တရားနာပရိတ်သတ်များ ထင်ရှားစွာသိစေလို သဖြင့် ဖားနတ်သားကို အကျိုးအကြောင်း မေးမြန်းသည်။ ဖားနတ်သားကလည်း ဖြစ်ပျက်ပုံအလုံးစုံကို လျှောက်ထားသည်။ ထိုအခါ ဘုရားရှင်သည် တရားနာခြင်း၏ အကျိုးကို ရှင်းလင်းဟောပြောတော်မူသည်။ နိဗ္ဗာန်ရောက်ကြောင်း တရားကိုလည်း ဆက်လက်ဟောပြောတော်မူသည်။ တရားအဆုံးတွင် ဖားနတ်သားသည် သောတာပန်တည် သွားသည်။ တရားနာပရိသတ်တို့လည်း ထူးမြတ်သောအကျိုးကျေးဇူးကို ခံစားရရှိလေသည်။ (အကိုး။ ။ မဏ္ဍူကဒေ၀ပုတ္တ၊ ဖားနတ်သားဝတ္ထု၊ ၀ိမာနအဋ္ဌကထာ) ( မင်းယုဝေ) ( မြတ်မင်္ဂလာ ၂၀၀၃၀-ခု စက်တင်ဘာလ) ဗုဒ္ဓဘာသာအကျိုး၊ ဗုဒ္ဓသာသနာ အကျိုးနှင့် လောကအကျိုးတို့ကို သယ်ပိုးရန် ရည်စိတ်သန်လျက် *ဗုဒ္ဓ ဓမ္မ သံဃာ့ လောက* အသင်းကြီး http://www.lotusfoundationmm.org/ ကို ကဆုန်လပြည့် အခါသမယ (8th may 2009) တွင် မြန်မာ၊ စင်္ကာပူ၊ မလေးရှား၊ အင်္ဂလန်၊ အမေရိကန်နှင့် ကမ္ဘာတစ်ဝှမ်း နိုင်ငံပေါင်းစုံတို့မှ အသင်းသားများဖြင့် တည်ထောင် ဖွဲ့စည်းခဲ့ပါသည်။ အသင်းတော်ကြီး၏ သြ၀ါဒ စရိယ ဆရာတော် ကြီးများမှာ - ၁။ ကစင် ဆရာတော်ဘုရားကြီး ၂။ မဟာသဒ္ဓမ္မရံသီ ဆရာတော်ဘုရားကြီး ၃။ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ နန္ဒာမာလာ ဘိဝံသ ၄။ သီတဂူ ဆရာတော် အရှင်ဉာဏိဿရ ၅။ ယောတိပိဋက ဆရာတော် ဘဒ္ဒန္တ သိရိန္ဒာ ဘိဝံသ ၆။ မလေးရှား ပီနန် မဟာစည် (တောရ) ဆရာတော် ဦးသုဇန ၇။ မင်းကွန်းတိပိဋက နိကာရဆရာတော် ဦးသီလာစာရ ၈။ မင်းကွန်းတိပိဋက ဆရာတော် ဦးသီရိဓမ္မ ၉။ အရှင်ဆန္ဒာဓိက ၁၀။ မေတ္တာရှင်-ရွှေပြည်သာဆရာတော် အရှင်ဇ၀န ၁၁။ ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ) တို့ ဖြစ်ကြပါသည်။ http://www.lotusfoundationmm.org/ လေးစားရိုသေစွာဖြင့် ဖိုးသား (၁၉.၀၉.၀၉) နေပြည်တော်ရှိ သူငယ်ချင်း ကိုကျော်လွင်မှ ဓမ္မဟေ၀န်အသင်းအတွက် ပရင်တာ တစ်လုံးအတွက် ငွေ ကျပ် ၇၀၀၀၀ တိတိ လှူဒါန်းပါသည်။ ဓမ္မဟေ၀န်တရားတော် စီဒိများ ဒေါင်းလုတ်လင့် http://www.fileflyer.com/view/ybKEzBp ပဋ္ဌာန်းအစီအစဉ် (ဓမ္မဟေ၀န်) http://www.fileflyer.com/view/M9gMXBb အလှူရှင် ၀၂.၀၉.၂၀၀၉ ရက်နေတွင် အန်တီအေးမှ အသင်းအတွက် အလှူငွေ ၅၀၀၀ ကျပ်တိတိ လှူဒါန်းသွားပါသည်။ ဓမ္မမောင်နှမတို့ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ...

(ဓမ္မဟေ၀န်) မှ ဓမ္မဒါန ပြုထားသော ဘုရားရှိခိုးအမျိုးမျိုး


ခရီးသွားအန္တရာယ်ကင်းဂါထာတော်


ခုနှစ်နေ့ဘုရားရှိခိုး



"နှမ်းတစ်လုံးတည်း ဆီမဖြစ်ပေမဲ့ ဆီဖြစ်ဖို့ နှမ်းတစ်လုံး လိုအပ်တာပဲ မဟုတ်လား"

ဆိုတဲ့ဆိုရိုးလေး အတိုင်း တစ်ဦးတစ်ယောက်တည်း၊ တစ်မိသားစုတည်း ကျောင်းတစ်လုံးမလှူနိုင်သော်လည်း မိမိတစ်ဦး မိမိတစ်မိသားစု မပါဝင်ဘဲ ကျောင်းတစ်ကျောင်း ရေရှည်တည်တန့်နိုင်မှု ခက်ခဲနိုင်သည်ကို နှလုံးသွင်း ပြီးစစ်ကိုင်းတိုင်း အရာတော်မြို့နယ်၊ ငါရဟိုးကျေးရွာရှိ ဒက္ခိဏာရုံကျောင်းတိုက်အတွင်း ကျောင်းသစ်တည် ဆောက်မည့် ကျောင်းတော်ကြီးကို မိမိတို့စွမ်းနိုင် သလောက်ပါဝင် လှူဒါန်းကာ ကျောင်းဒကာ၊ကျောင်းအမ အဖြစ်ခံယူနိုင်ပါကြောင်း အသိပေး နှိုးဆော်အပ်ပါသည်။

From Nga Ya Hoe Village

Posted by အရှင်နာယကာလင်္ကာရ


ဓမ္မတရားတော်များ အင်တာနက်လင့်များ

ဓမ္မဟေ၀န်မှ Online တွင်ရှိသော ဓမ္မဆိုက်များ တတ်အားသ၍အားစုစည်းပြီးဓမ္မမိတ်ဆွေများ
တရားဓမ္မများအား လွယ်လင်တကူ ကြည်ညိုသဒ္ဓါ
တရားများပွားများနိုင်ရန် စိစဉ်ထားပါသည်။

 ဓမ္မတရားတော်များ လင့်များ (Download)

တရားဓမ္မနှင့်ဆိုင်သော ဓမ္မဒါန၀န်ဆောင်မှုလုပ်ငန်းများ

ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်း
အမှတ် (၉၀)၊ အဆောင်(၄)၊ ပထမထပ်၊ သိမ်ကြီးဈေး
(စီ)ရုံ၊ ရွှေတိဂုံဘုရားလမ်း၊ ရန်ကုန်မြို့ ။
၃၇၁၈၀၀ (လိုင်းခွဲ - ၃၆၄)

ပဋိစ္စသမုပ္ပါဒ်အခြေခံသောဗုဒ္ဓဘာသာလူငယ်ယဉ်ကျေးမှု (တနင်္ဂနွေအပတ်စဉ်) သင်တန်း

 

            (၇)တန်းဖြေဆိုပြီးမှတက္ကသိုလ်အထိကျောင်းသား-ကျောင်းသူများအတွက် (၁၇.၅.၂၀၀၉) မှစတင်၍အပတ်စဉ်တနင်္ဂနွေနေ့တိုင်၊ နံနက် (၈)နာရီမှ(၁၀း၃၀) နာရီအထိ၊ မိုးကုတ်ဝိပဿနာအဖွဲ့ချုပ်တွင်သင်တန်းဖွင့်လှစ်လျှက်ရှိရာ အောင်စင်္ကြာဆရာတော်အရှင်စန္ဒသိရီ (ဓမ္မစရိယ) က ပဋိစ္စသမုပ္ပါဒ်သင်ခန်းစာနှင့် ရွှေဝါ၀င်းဆရာတော် ဒေါက်တာဦးအာသဘ (Ph.D) ကဗုဒ္ဓဘာသာယဉ်ကျေးမှုသင်ခန်းစာကိုမြန်မာအင်္ဂလိပ်နှစ်ဘာသာတို့ဖြင့် ပို့ချမည်ဖြစ်ပြီးတတ်ရောက်လိုသူများသည် မိုးကုတ်ဝိပဿနာအဖွဲ့ချုပ်၊ အမှတ် (၈၂) နတ်မောက်လမ်း၊ ဗဟန်းမြို့နယ်၊ ဖုန်း ၅၄၁၈၀၆ ၇၂၅၁၃၂ တွင် စာရင်းပေးသွင်းနိုင်ပါသည်။ သင်တန်းသားများသင်တန်းဝတ်စုံဖြစ်သည့်ကျောင်းဝတ်စုံ (အဖြူ၊ အစိမ်း) (သို့မဟုတ်) ယောဂီဝတ်စုံ (အဖြူ၊ အညို) တို့ကိုဝတ်ဆင်ရမည်ဖြစ်ပြီးတနင်္ဂနွေနေ့တိုင်းတစ်နှစ်ပတ်လုံးလွတ်လပ်စွာတက်ရောက်နိုင်ပါသည်။ သားသမီးများကိုပို့ပေးသော မိဘများနှင့်ပြင်ပမှမည်သူမဆိုသင်တန်းချိန်များတွင် တရားနာယူနိုင်ပါသည်။

ဓမ္မရောင်ခြည်

 

သဗ္ဗဒါနံဓမ္မဒါနံဇိနာတိ

အလှူမှန်သမျှတို့တွင် တရားအလှူသည် အမြတ်ဆုံးဖြစ်၏

ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်း

            ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းသည်စီးပွားရေးအရ ဆောင်ရွက်သောလုပ်ငန်းမဟုတ်ပါ။ ဓမ္မဒါနကို စိတ်အားထက်သန်စွာ ဆောင်ရွက်လိုသော ဓမ္မမိတ်ဆွေတစ်စု တရားပြန့်ပွားရေးကို စုပေါင်းဆောင်ရွက်သော တရားအလှူပေးသည့်လုပ်ငန်းဖြစ်ပါသည်။ ၂၀၀၃ ခုနှစ်တွင်စတင်ဆောင်ရွက်ခဲ့ပါသည်။

ရည်ရွယ်ချက်

            ချမ်းသာအစစ်ကိုပေးနိုင်သော မြတ်ဗုဒ္ဓ၏တရားတော်များ ပြန့်ပွားစေရေးကိုအဓိကရည်ရွယ်ပါသည်။

ဆောင်ရွက်နေသည့်လုပ်ငန်းများ

            -သစ္စာတရားခွေနှင့်တရားစာအုပ်များအခမဲ့ငှားရမ်းခြင်း

`          -ဓမ္မရောင်ခြည်ဓမ္မဒါနလုပ်ငန်းခွဲများနေရာအနှံတည်ထောင်ပေးခြင်း။

            -တရားခွေနှင့်တရားစာအုပ်များကိုဈေးနှုန်းမှန်ကန်စွာဖြင့်ဖြန့်ချိခြင်း။

(အမြတ်ငွေကို ဓမ္မရောင်ခြည်လုပ်ငန်းများတွင် အသုံးပြုပါသည်)။

            -တရားပွဲ Project များအခမဲ့ငှားရမ်းခြင်း။

            -အချိန်ပိုင်းတရားနာခြင်း၊ တရားအားထုတ်ခြင်းပြုလုပ်နိုင်ရန် စီစဉ်ပေးခြင်း။

            -တရားပွဲ၊ ဗုဒ္ဓစာပေသင်တန်း၊ ယဉ်ကျေးမှုသင်တန်းနှင့် တရားစခန်းမျာဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးခြင်း။

`          -(၄) လတစ်ကြိမ် ဒါနဥပပါရမီစုပေါင်းသွေးလှူဒါန်းပွဲများကျင်းပခြင်း။

လက်ရှိအခြေအနေ

            ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်း (ပင်မ)နှင့် လုပ်ငန်းခွဲ (၁၆၇) ခုထူထောင်ပြီးဖြစ်ပါသည်။ပြည်ပအနေဖြင့် စင်္ကာပူနိုင်ငံရှိလုပ်ငန်းခွဲအမှတ် (၁၂၉) တစ်ခုပါဝင်ပါသည်။

            ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်း (ပင်မ) မှရရှိသော ၀င်ငွေနှင့် အလှူငွေများကို စနစ်တကျထားရှိ၍ တရားတော်များ ပြန့်ပွားရေးအတွက်ဆောင်ရွက်လျက်ရှိပါသည်။ ပြင်ပမှအလှူရှင်များနှင့် လစဉ်အလှူရှင်အသင်းဝင်များကို ဖိတ်ခေါ်လျှက်ရှိပါသည်။

လုပ်ငန်းခွဲများတည်ထောင်မူ

            မြို့ များ၊ ကျေးရွာများတွင် ဓမ္မဒါနဆောင်ရွက်လိုသည့် ဓမ္မမိတ်ဆွေများနှင့်ပူးပေါင်းဆောင်ရွက်ပါသည်။ လက်ရှိအခြေအနေ (၂၀၀၉၊ဇွန်လ) တွင် ဒေသခံများမှ ကျပ်နှစ်သိန်းခွဲမတည်၍ ဓမ္မရောင်ခြည် (ပင်မ) မှ ကျပ်တစ်သိန်းဖြည့်တင်းလှူဒါန်းကာ လုပ်ငန်းခွဲအသစ်တည်ထောင်ပါသည်။ ကျပ်နှစ်သိန်းခွဲကို အများစုပေါင်း လှူဒါန်းရန်ဖြစ်ပါသည်။ လှူဒါန်းသည့်တန်ဘိုးအတိုင်းအလှူရှင်အမည်ကိုတရားခွေနှင့် တရားစာအုပ်တို့တွင်မှတ်တမ်းတင်ပေးပါသည်။ လုပ်ငန်းခွဲအတွက် စတင်ငှားရမ်းနိင်ရန်တရားခွေများနှင့် တရားစာအုပ်များကိုပြည့်ပြည့်စုံစုံပြင်ဆင်ပေးပါသည်။ လုပ်ငန်းခွဲလိပ်စာ-အလှူရှင်အမည်ရေးထိုးခြင်း၊ မှတ်တမ်းတင်စာအုပ်များ၊ ဆိုင်းဘုတ်၊ အငှားကဒ် စသည့်ဖြင့် အဆင့်သင့်ဆောင်ရွက်ပေးပါသည်။

လာရောက်သယ်ယူရန်အခက်အခဲရှိပါက တာဝန်ယူပို့ပေးပါသည်။

            ဒေသခံဓမ္မမိတ်ဆွေများအနေဖြင့်နေရာထိုင်ခင်းစီစဉ်ထားပြီး အချိန်ပိုင်းဖွင့်လှစ်နိုင်ပါသည်။ စာရင်းမှတ်ရန် လုပ်အားပေးမည်

သူအခက်အခဲရှိပါက နေ့စဉ်နှစ်နာရီခန့်တာဝန်ထမ်းဆောင်နိုင်သောဝန်ထမ်းတစ်ဦးငှားရမ်း၍ လခကိုစုပေါင်းလှူဒါန်းနိုင်ပါသည်။ ပိတ်ရက်လည်းထားရှိနိုင်ပြီးတာဝန်ပေါ့ပါးစွာ ဆောင်ရွက်နိုင်ပါသည်။ ငှားရမ်းသူထံမှအလှူငွေ ၅၀၀ ကျပ်ကောက်ခံ၍ အသင်းဝင်အငှားကဒ်တစ်ကဒ်ထုတ်ပေးပါမည်။

            တစ်ကြိမ်လျှင် စာအုပ်နှစ်အုပ် (သို့) အခွေလေးခွေ (သို့) စာအုပ်တစ်အုပ်နှင့် အခွေနှစ်ခွေကို ၁၄ ရက် (သို့) ၇ ရက်အခမဲ့ငှားရမ်းစေနိုင်ပါသည်။ ရရှိလာသည့်အလှူငွေများကို စုစည်းထားပြီး၊ တရားခွေနှင့်တရားစာအုပ်ဖြည့်တင်းရေးတွင်အသုံးပြုပါသည်။ (အခြားကိစ္စများတွင်အသုံးမပြုပါ)

            ပျောက်ဆုံးမူများရှိနိုင်သော်လည်း လှူဒါန်းမှုအင်းအားဖြင့် သဒ္ဓါမပျက်ဆက်လက်ဆောင်ရွက်ပါမည်။ စည်းကမ်းထိန်းသိမ်းမှုဖြင့်လည်း ရေရှည်တည်တံ့အောင် ကြိုးစားရပါမည်။ ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းခွဲများအနေဖြင့်ထပ်မံဖြည့်တင်းရန် အလှူငွေရှိပါက (ပင်မ) သို့ တရားခွေနှင့်တရားစာအုပ်များမှာယူနိုင်ပါသည်။

(ပင်မ) တွင် အလှူရှင်များရှိပါကတရားခွေနှင့် တရားစာအုပ်များကို အခါအခွင့်သင့်တိုင်းပေးပို့လှူဒါန်းပါမည်။ (ပင်မ) အနေဖြင့်

လုပ်ငန်းခွဲများသို့သာ ထောက်ပံ့လှူဒါန်းလိုသည့်ဆန္ဒရှိပါသည်။

            လုပ်ငန်းခွဲများဆက်လက်တည်တံ့စေရေးအတွက် ဒေသခံ ဓမ္မမိတ်ဆွေများမှ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါသည်။ အလှူခံပုံးငယ်တစ်ခုလည်းထားရှိနိုင်ပါသည်။ ရေရှည်ရပ်တည်ရေးအတွက် လစဉ်ပုံမှန် (၁၀၀၀) နှင့်အထက်လှူဒါန်းသည့်အလှူရှင်များ

စုစည်းထားသင့်ပါသည်။ အလှူငွေများကိုအလှူမှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်၍ စနစ်တကျထိန်းသိမ်းထားရှိရပါမည်။ မည်သည်မသမာမှုမျိုးမှ မဖြစ်ပေါ်စေရန် ဆောင်ရွက်ရပါမည်။

            လုပ်ငန်းခွဲများတွင် စစ်မှန်သောမည်သည်ဝိပဿနအားထုတ်သည့်နည်းလမ်းမဆိုထားရှိနိုင်ပါသည်။ စတင်ထူထောင်စဉ်တွင် ကလေးသူငယ်များမှ ၀ိပဿနာတရားအားထုတ်လိုသည့်လူကြီးများအထိ ပရိတ်သတ်အသီးသီးအတွက် စီစဉ်၍တရားခွေနှင့်တရားစာအုပ်များထည့်သွင်းထားပါသည်။ မိမိတို့အရပ်ဒေသရှိ ဓမ္မမိတ်ဆွေ၏ လိုအပ်ချက်အရ သင့်တော်ရာတရား

ခွေနှင့်တရားစာအုပ်များထပ်မံဖြည့်တင်းနိုင်ပါသည်။

            (လုပ်ငန်းခွဲများအနေဖြင့် နိုင်ငံရေးနှင့်မလွတ်ကင်းသော - ထေရ၀ါဒနှင့် ဆန့်ကျင်သော တရားခွေ၊ တရားစာအုပ်များထားရှိခြင်းကို ရှောင်ကြဉ်ရပါမည်။)

စုပေါင်းသွေးလှူဒါန်းပွဲ

            ဓမ္မရောင်ခြည် စုပေါင်းသွေးလှူဒါန်းပွဲများကို (၄) လတစ်ကြိမ် ကျင်းပလျှက်  ရှိရာ စတုတ္တအကြိမ်သွေးလှူဒါန်းပွဲကို (၂၅၊ရ၊၀၉) ရက်နေ့၊ နံနက် (၉) နာရီတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အမျိုးသားသွေးလှူဘဏ်တွင် ကျင်းပမည်ဖြစ်ရာ မည်သူမဆို လာရောက်

လှူဒါန်းနိုင်ပါသည်။

ဆက်သွယ်ရန်

            တရားခွေနှင့်တရားစာအုပ်များအခမဲ့ငှားရမ်းခြင်း၊ ဓမ္မဒါနလုပ်ငန်းနှင့်ပက်သက်၍ ၀င်ရောက်လုပ်အားပေးခြင်း၊ ဓမ္မဒါနလုပ်ငန်းခွဲများတည်ထောင်ခြင်း၊ ဓမ္မဒါနလုပ်ငန်းများတွင် လှူဒါန်းခြင်း၊ စုပေါင်းသွေးလှူဒါန်းခြင်းနှင့် အကြံဥာဏ်ပေးခြင်းများဆောင်ရွက်လိုပါက -

            ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်း (ပင်မ)             ၃၇၁၈၀၀ လိုင်းခွဲ ၃၆၄

            ဦးလှမျိုး                                                  ၀၉၈၀၃၀၁၃၈ - ၅၇၁၅၁၃

            ဦးစိန်သောင်း                                           ၀၉၅၁၂၀၂၇၁ - ၅၄၅၃၄၀

            ဦးဇော်ဝင်း                                               ၀၉၈၀၃၀၂၂၈

            ဦးမြင့်သိန်း                                              ၀၉၅၁၄၃၉၉၈

            ဦးလှမင်းထွန်း                                          ၀၉၅၀၁၅၄၄၆

            ဦးကျော်ကျော်ဝင်း                                     ၀၉၉၉၂၄၄၀၀

            နှင့်နီးစပ်ရာ ဓမ္မရောင်ခြည် လုပ်ငန်းခွဲများသို့ဆက်သွယ်နိုင်ပါကြောင်းအသိပေးနှိုးဆော်အပ်ပါသည်။

သတ္တ၀ါမှန်သရွေ့ တရားတွေ့၊ ချမ်းမြေ့သာယာရှိပါစေ

                                                                                    အကျိုးဆောင်အဖွဲ့

                                                                              ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်း

 



အလင်းတန်း
ဆရာတော်ကြီးများ၏ တရားခွေအမျိုးမျိုး
H-9 ,မြေညီထပ် ၊ ယုဇနပလာဇာ။
ဆိုင် 200747 (Ext:) 1966 အိမ် 200747 (Ext:) 7835  0950 54994

      အကိုတော်ဆိုက်များမှသတင်းထူး
ချစ်ခင်လေးစားရပါသော ဓမ္မမိတ်ဆွေများသို့



vimuttisukha@gmail.com
winmyint817@gmail.com
pyaesoneaung2007@gmail.com



       
ချစ်ခင်လေးစားရပါသော ဓမ္မမိတ်ဆွေများသို့
              အွန်လိုင်းပေါ်တွင် ဓမ္မဆိုက်များစွာကို အလွယ်တကူဝင်
ရောက် ကြည်ညိုပူဇော်နိင်ကြပါရန် ဓမ္မဆိုက်လိပ်စာများ အလွယ်
တကူ ၀င်ရောက်နိင်ရန်အတွက် လိပ်စာများအားစုစည်းနေပါသည်
သိုဖြစ်ပါသောကြောင့် ဓမ္မမိတ်ဆွေတို့၏ဆိုက်များ (သို့) ကြည်ညို
ပြိးခဲသော ဆိုက်များအား ဓမ္မဒါန ပေးပို့စေလိုပါသည်
ဓမ္မဟောဝန်


ချစ်ခင်လေးစားရပါသော ဓမ္မမိတ်ဆွေများသို့

ဓမ္မဟေ၀န်မှ ဆရာတော်ကြီးများ၏ တရားတော်များကို တိုက်ရိုက်လွင်ထုတ်နိင်ရန် စိစဉ်ဆောင်ရွက်နေပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် နည်းပညာအခက်အခဲများရှိနေ
ပါသဖြင့် ၀ိုင်းဝန်းကူညိပေးကြပါရန် တောင်းဆိုအပ်ပါသည်
ခင်ဗျာ


မဂ္ဂင်လမ်း (သို့) နိဗ္ဗာန်လမ်း

 

          တစ်လမ်းထဲ တစ်ကြောင်းထဲသာရှိသော မဂ္ဂင်လမ်းကို စတင်လျှေက်လှမ်းသည့်နှင့် ရည်မှန်းချက်တူညီစွာနှင့်  ရှေ့ မှသွားနေကြသော မဂ္ဂင်ခရီးသွားအများစုကို လှမ်းမြင်နေရသည့်နှင့် အားတတ်ဝမ်းသာသွားမိပါသည်။ ခရီးသွားများအား အမှိလိုက်ပြီး အတူတူသွားနေကြရာမှ စကားလက်ဆုံကြသောအခါခရီးသွားများထဲမှတစ်ဦးသောသူက ဓမ္မ ကို တတ်ကျွမ်းအောင် အဟောအပြောကောင်းအောင် သင်ယူပြီး တရားပွဲများ ကျင်းပမည် ၊ အလှူငွေများများရအောင်  လုပ်ပြီးသာသနာ ပြုမည်ဟု ပြောကြားလာပါသည်။

 

          ထိုနောက် ယောဂီဝတ်စုံနှင့်  ပုဂ္ဂိုလ်ကြီးက အဓိဌာန်ဝင်ပြီး ဂိုဏ်းစင်တက် အက္ခရာများ မှန်မှန်ချပေးနိုင်သည့် အဆင့်အထိ သမထ ဘ၀နာတရားများ ကျင့်ရန် မိဂဒါဝုန်သို့ သွားရောက်လေ့လာမည်ဖြစ်

 

ကြောင်း ပြောကြားခဲပါသည်။

 

          ရှေ့ဆက်လျှောက်လှမ်းရင်းနှင့် ၀တ်ဖြူစင်ကြယ်နှင့်ပုဂ္ဂိုတစ်စု အနီးသို့ရောက်၍ မေးမြန်းစုံစမ်းကြည်မိခဲ့

 

ပါသည်၊ ထိုသူတို့အုပ်စုမှ တစ်ဦးက အင်းအိုင်လက်ဖွဲ့ ပွဲပေါင်းစုံထိုး၍ ဂိုဏ်းဆရာကြီးလုပ်ပြီး ရောဂါပေါင်းစုံကု၍

 

သတ္တ၀ါတွေကို ကယ်တင်မယ်ဟုပြောဆိုပါသည်။

 

          အခြားသောပုဂ္ဂိုလ်များက ဂိုဏ်းဆရာကြီး နောက်သို့လိုက်လာသော  ပုဂ္ဂိုလ်များဖြစ်ကြပါသည်။

 

မဂ္ဂင်လမ်းသို့ သွားနေကြသည်ဆိုသောလည်း ရည်ရွယ်ချက်များကား---------

 

 

 

 မိဂဒါဝုန်မှအပြန်(ဓမ္မမိတ်ဆွေ)မှကောက်နှုတ်ဖော်ပြအပ်ပါသည်။










 
  Today, there have been 1 visitors (116 hits) on this page! မြတ်ဗုဒ္ဓတရားတော်များ ပြန့်ပွားရေးအတွက် အကြောင်းအရာများ အားလုံးကို ကူးယူနိုင်ကြပါသည်  
 
မြတ်ဗုဒ္ဓတရားတော်များ ပြန့်ပွားရေးအတွက် အကြောင်းအရာများ အားလုံးကို ကူးယူနိုင်ကြပါသည် This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free