ဓမ္မဟေ၀န်
  ဂါထာတော်မြတ်များ
 


ကျေးဇူးတော်ရှင် ဆရာတော် ဦးကောသလ္လ(ဓမ္မစေတီ)၏

ဗုဒ္ဓဂုဏ်တော် ဘုရားရှိခိုး

နမော ၀ိဘဇ္ဇ၀ါဒိနော မဟာကာရုဏိကဿ

 

မဟာကာရုဏိကဿ- ကြီးကျယ်များပြား ကရုဏာတရားကို၊ ဝေနေယျသတ္တ၀ါတို့အပေါ်၌ ထားတော်မူပေထသော၊ မဟာကာ ရုဏိကဿ- အောက်သံသရာသက္ကာယ၊  အထက်သံသရာသက္ကာယဟု ဆိုအပ်သောသက္ကာယနှစ်ဌာနသို့၊ မကျမရောက်ရအောင် စောင့်ရှောက်ကယ်တင် မဟာကရုဏာရှင်လည်း ဖြစ်တော်မူပေထသော၊ မဟာကာရုဏိကဿ- ဒုဂ္ဂတိဘုံ၌ခံစားရမည့် ဒုက္ခသစ္စာ၊ သုဂတိဘုံ၌ ခံစားရမည့် ဒုက္ခသစ္စာ၊ ဤသစ္စာတရားတို့ကို မခံစားကြရအောင်၊ စောင့်ရှောက်ကယ်တင် မဟာကရုဏာရှင်လည်း ဖြစ်တော်မူပေထသော၊ ၀ိဘဇ္ဇ၀ါဒိနော- ဝေဖန်ပိုင်းခြားကာ ဟောကြားတော်မူလေ့ရှိတော်မူသော၊ ၀ိဘဇ္ဇ၀ါဒိနော- ဤကား သဿတ လမ်းစဉ်၊ ဤကား ဥစ္ဆေဒလမ်းစဉ်ဟူ၍၊ အယုတ်တရားနှစ်ပါးတို့ကိုရှောင်ရှားကာ၊ မဇ္ဈိမပဋိဒါ အကျင့်မြတ်လမ်းစဉ်ကိုသာလျှင် ဝေဖန် ပိုင်းခြားကာ ဟောကြားတော်မူလေ့ရှိတော်မူသော၊ ၀ိဘဇ္ဇ၀ါဒိနော- ဤကားပယ်သတ်ရမည့် အကြောင်းတရား၊ ဤကားသိရုံသာ သိရမည့် အကျိုးတရားဟူ၍၊ ပယ်ရမည့် ပဟာတဗ္ဗခန္ဓာ၊ သိရမည့် ပရိဥာတဗ္ဗခန္ဓာတို့ကို၊ ဝေဖန်ပိုင်းခြားကာ ဟောကြားတော်မူလေ့ ရှိတော်မူသော၊ သမ္မာသမ္ဗုဒ္ဓဿ- သစ္စာလေးတန် ဓမ္မမှန်ကို ဆရာမကူသယမ္ဘူဥာဏ်ဖြင့်၊ ကိုယ်တော်တိုင်ပြည့်စုံစွာ သိမြင်တော်မူပြီး ထသော၊ ကိုယ်တော်တိုင်ပြည့်စုံစွာ သိမြင်တော်မူပြီးသည့်အလျောက်၊ ဝေနေယျသတ္တ၀ါတို့ကို ကိုယ်တော်နှင့်မခြား တစ်မူအလားတူ သာလျှင်၊ သိမြင်တော်မူစေတတ်သော သဗ္ဗညုတဥာဏပိုင်ရှင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးအား၊ နမော- ဦးခေါင်းညွှတ်ကျိုး လက်စုံမိုး ၍၊ ရှိခိုးကန်တော့လိုက်ရခြင်းသည်၊ အတ္ထု- စင်စစ်မသွေဖြစ်ပါစေသတည်း။

 

(သာဓု၊ သာဓု၊ သာဓု)

ဓမ္မဒါနပြုသည်။

http://myatbuddha2.blogspot.com/

သမ္ဗုဒ္ဓေ ဂါထာတော်ကြီး

သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊
ဒွါဒသဉ္စ သဟဿကေ၊
ပဉ္စဿတ သဟဿာနိ၊
နမာမိ သိရသာမဟံ။
အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊
အနန္တာ နိဗ္ဗုတာ ဇိနာ၊
တေသံ ဓမ္မဉ္စ သံဃဉ္စ၊
အာဒရေန နမာမဟံ။
နမက္ကာရာ နုဘာဝေန၊
ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ၊
အနေက အန္တရာယာပိ၊
ဝိနဿန္တု အသေသတော။

မြန်မာအနက်အဓိပ္ပာယ်

အဋ္ဌဝီသဉ္စ - သုံးပါးဘဝ သုံးလောကတွင် ဥာဏ်ရောင်ဖိတ် အောင်ဗိတ်သိပ်နှင့် (၂)ကြိတ် (၈)ဆူ ကုန်သော၊
သမ္ဗုဒ္ဓေစ - တန်ဆောင်ပမာ ဥာဏ်ရောင်ဝါဖြင့် သစ္စါပွင့်လင်း တရားမင်းတို့ကို၎င်း၊ (တရားမင်း = တရားဟောကြားသောမင်း- မြတ်စွာဘုရားရှင်အပေါင်းကို ရည်ညွှန်းပါသည်။)

ဒွါဒသဉ္စ သဟဿကေ၊ - နိဗ္ဗာန်ကိန်းအောင်း စက်မွေ့လျောင်းသည့် (၁)သောင်း (၂) ထောင်ကုန်သော
သမ္ဗုဒ္ဓေစ - လရောင်ပမာ ဥာဏ်ရောင်ဝါဖြင့် သစ္စါဝင်းပြောင် မြတ်ဘုန်းခေါင်တို့ကို၎င်း၊ (မြတ်ဘုန်းခေါင် = မြတ်စွာဘုရားရှင်အပေါင်းကို ရည်ညွှန်းပါသည်။)

ပဉ္စဿတ သဟဿာနိ၊ - သောင်းထိုက်စင်္ကြာဝဠာ ဂုဏ်ဝါကျော်ဟိန်း (၅)သိန်းကုန်သော
သမ္ဗုဒ္ဓေစ - နေရောင်ပမာ ဥာဏ်ရောင်ဝါဖြင့် သစ္စါလင်းထိန် မြတ်မုနိန်တို့ကို၎င်း၊ ( ။ ......... ။ )

အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊ - ဂင်္ဂါမြစ်ထဲ ငွေသောင်သဲကို နည်းစေထသော
အနန္တာ - သင်္ချာဂဏန်း ရေတွက်မှန်းလဲ ဆုံးခန်းတိုင်မြောက် မရောက်နိုင်ထသော
နိဗ္ဗုတာ - ဂုဏ်ဇာတ်သိမ်း၍ ငြိမ်းအေးတော်မူပြီးထသော
ဇိနာစ - နှောင့်ယှက်ဖန်လာ မာရ်ငါးဖြာကို အရိယာမဂ် ဘုန်းရောင်စက်ဖြင့် ချိုးဖျက်လွယ်ကူ အောင်တော်မူသော ဘုရားရှင်အပေါင်းတို့ကို၎င်း၊
အဟံ - အကျွန်ုပ်သည်
သိရသာ - ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့်
နမာမိ - ရှစ်ခိုးပါ၏ ။

တေသံ - ထိုဂင်္ဂါဝါလု အမာပြုလည်း နိုင်းတုမရ ပွင့်တော်မူကြကုန်သော ဘုရားရှင်တို့နှင့်တကွ (၅)သိန်း (၁)သောင်း (၂)ထောင် - (၂)ကြိတ် (၈)ဆူကုန်သော ဘုရားရှင်တို့၏
ဓမ္မဉ္စ - တရားတော်မြတ်ကို၎င်း၊
သံဃဉ္စ - တပည့်သား သံဃာတော်မြတ်ကို၎င်း၊
အာဒရေန - ရိုသေစွာ၊
အဟံ - အကျွန်ုပ်သည်
နမာမိ - ရှစ်ခိုးပါ၏ ။

နမက္ကာရာ နုဘာဝေန၊ - ဤသို့ ရှစ်ခိုးပူဇော် ဖူးမြှော်မာန်လျော့ ကတော့ရသော ပနာမ ကုသိုလ်ကံ စေတနာတို့ကြောင့်
သဗ္ဗေ - ခတ်သိမ်းကုန်သော
ဥပဒ္ဒဝေ - ဘေးရန် ဥပဒ်တို့ကို
ဟိတွာ - ပါယ်ဖြတ်၍
အနေက အန္တရာယာပိ၊ - တစ်ပါးမက များစွာကုန်သော အန္တရာယ်တို့သည်လည်း
အသေသတော - အကြွင်းအကြံမရှိသောအားဖြင့်
ဝိနဿန္တု - ပြောက်ပျက်စေကုန်သတည်း။

ဟိန်းဓမ္မဒါနပြုသည်

 

နမောတေ ဂါထာတော်ကြီး

 

နမော တေ ဗုဒ္ဓ၀ိ ရတ္ထု ၊ ၀ိပ္ပမုတ္တောသိ သဗ္ဗဓိ၊
နမော တေ ဗုဒ္ဓဝိ ရတ်ထု၊ ဝိပ်ပမုတ်တောသိ သဗ်ဗဓိ
သမ္ဗာ ဓပ္ပဋ္ဋိန္နောသ္မီ ၊ တဿ မေ သရဏံ ဘ၀၊
သမ်ဗာဓပ် ပတိပန်နောသမီံ တတ်သ မေ သရဏံ ဘဝ ။

အဓိပ္ပာယ်

ရဲရင့်တည်ကြည် ဇာနည်မည်သော ကြီးမားသောလုံ့လရှိတော်မူသော ဗုဒ္ဓရှင်တော်မြတ်ဘုရား ရှင်တော်မြတ်ဘုရားအား နမော ရှစ်ခိုးခြင်းဖြစ်ပါစေ။
ရှင်တော်မြတ်ဘုရားသည် ခတ်သိမ်းလုံးစုံ ကျဉ်းမြောင်းခြင်းမှ လွတ်မြောက်တော်မူသည် ဖြစ်တော်မူပါပေ၏။သံသယာ ဝဲဂရက်မှ ဖယ်ထွက်လို၍ ကြံတွေးရည်မျှော် တပည့်တော်သည် ကျဉ်းမြောင်းကြပ်တည်း လွန်ဆင်းရဲသည့် ဝဲသြောဂ ရေစုန်၌ နစ်မြှုပ်၍ နေရပါသည်။သံသရာဘောင်အတွင်းမှ လွတ်ကင်းရာမျှော် ထိုဘုရားတပည့်တော်အား စဉ်းကပ်လှဲလျှောင်း၊ပုန်းအောင်း၊ မှီတွယ် ကိုးကွယ်ရာသည် ဖြစ်တော်မူပါအရှင်ဘုရား။

ဟိန်းဓမ္မဒါနပြုသည်

ခရီးသွားအန္တရာယ်ကင်းဂါထာတော်

ကတာ မေ ရက္ခာ ၊
ကတံ မေ ပရိတ္တံ ။
ပဋိက္ကမန္တု ဘူတာနိ ၊
သောဟံ နမော ဘဂ၀တော ။
နမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓေါနံ ။

အဓိပ္ပာယ်
ငါသည် အစောင့်ချအပ်ပြီ ။
ငါသည် ပရိတ်အကာအကွယ်ပြုအပ်ပြီး အန္တရာယ်ပြုမည့် သတ္တ၀ါတွေ နောက်ဆုတ်
ကြပါလော့ ။
ငါသည် ဂေါတမဘုရားရှင်အား ရှစ်ခိုးပါ၏ ။
ဝီပဿီဘုရား ၊ သိခီဘုရား ။
ကကုသန်ဘုရား ၊ ကောဏဂုံဘုရား ။
ကုဿပန်ဘုရား ၊ ဂေါတမဘုရား ၊ အရိမေတ္တယျဘုရား ။
ဟူသော ( ၇ ) ဆူသော ဘုရားရှင်တို့အား ရှစ်ခိုးပါ၏ ။

ရွတ်ဆိုရခြင်း၏ အကျိုး

ဤဂါထာတော်သည် ခန္ဓသုတ်တော်မှလာသည် ။ ဤဂါထာတော်ကို အမြဲရွတ်ဖတ်
ပူဇော်ပါက မည်သည့်အန္တရယ်မှ မတွေ့နိုင် ။ အထူးသဖြင့် ခရီးသွားခါနီးတွင် ရွတ်၍
သွားမည့်လမ်းနေရာအရပ်ကို မေတ္တာပို့ပါ ။ အမျှဝေပါ ။ အန္တရာယ်ကင်းပြီး ကိုယ့်
စိတ်တိုင်းကျ ချမ်းသာစွာ သွားရပါမည် ။

ဟိန်းဓမ္မဒါနပြုသည်

ဂုဏ်တော်ကွန်ချာ

၁။ သော ဘဂ၀ါ ဣတိပိ အရဟံ
အရဟံ ၀တ သော ဘဂ၀ါ
အရဟနံ္တသရဏံ ဂစ္ဆာမိ
အရဟနံ္တ သိရသာ နမာမိ
ပထမော ၀ဇိရပါကာရော
သော ဘဂ၀ါ ဣတိပိ အရဟံ။

၂။ သော ဘဂ၀ါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ
သမ္မာသမ္ဗုဒ္ဓေါ ၀တ သော ဘဂ၀ါ
သမ္မာသမ္ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
သမ္မာသမ္ဗုဒ္ဓံ သိရသာ နမာမိ
ဒုတိယော ၀ဇိရပါကာရော
သော ဘဂ၀ါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ ။

၃။ သော ဘဂ၀ါ ဣတိပိ ၀ိဇ္ဇာစရဏသမ္ပန္နော
ဝိဇ္ဇာစရဏသမ္ပန္နော ၀တ သော ဘဂ၀ါ
ဝိဇ္ဇာစရဏသမ္ပန္နံ သရဏံ ဂစ္ဆာမိ
ဝိဇ္ဇာစရဏသမ္ပန္နံ သိရသာ နမာမိ
တတိယော ၀ဇိရပါကာရော
သော ဘဂ၀ါ ဣတိပိ ၀ိဇ္ဇာစရဏသမ္ပန္နော ။

၎။ သော ဘဂ၀ါ ဣတိပိ သုဂတော
သုဂတော ၀တ သော ဘဂ၀ါ
သုဂတံ သရဏံ ဂစ္ဆာမိ
သုဂတံ သိရသာ နမာမိ
စတုတ္ထော ၀ဇိရပါကာရော
သော ဘဂ၀ါ ဣတိပိ သုဂတော ။

၅။ သော ဘဂ၀ါ ဣတိပိ လောက၀ိဒူ
လောက၀ိဒူ ၀တ သော ဘဂ၀ါ
လောက၀ိဒုံ သရဏံ ဂစ္ဆာမိ
လောက၀ိဒုံ သိရသာ နမာမိ
ပဉ္စမော ၀ဇိရပါကာရော
သော ဘဂ၀ါ ဣတိပိ လောက၀ိဒူ ။

၆။ သော ဘဂ၀ါ ဣတိပိ အနုတ္တရောပုရိသဒမ္မသာရထိ
အနုတ္တရောပုရိသဒမ္မသာရထိ ၀တ သော ဘဂ၀ါ
အနုတ္တရံ ပုရိသဒမ္မသာရထိံ သရဏံ ဂစ္ဆာမိ
အနုတ္တရံ ပုရိသဒမ္မသာရထိံ သိရသာ နမာမိ
ဆဌမော ၀ဇိရပါကာရော
သော ဘဂ၀ါ ဣတိပိ အနုတ္တရောပုရိသဒမ္မသာရထိ ။

၇။ သော ဘဂ၀ါ ဣတိပိ သတ္ထာဒေ၀မနုဿာနံ
သတ္ထာဒေ၀မနုဿာနံ ၀တ သော ဘဂ၀ါ
သတ္ထာရံဒေ၀ မနုဿာနံ သရဏံ ဂစ္ဆာမိ
သတ္ထာရံဒေ၀ မနုဿာနံ သိရသာ နမာမိ
သတ္တမော ၀ဇိရပါကာရော
သော ဘဂ၀ါ ဣတိပိ သတ္ထာဒေ၀မနုဿာနံ ။

၈။ သော ဘဂ၀ါ ဣတိပိ ဗုဒ္ဓေါ
ဗုဒ္ဓေါ ၀တ သော ဘဂ၀ါ
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဗုဒ္ဓံ သိရသာ နမာမိ
အဌမော ၀ဇိရပါကာရော
သော ဘဂ၀ါ ဣတိပိ ဗုဒ္ဓေါ ။

၉။ သော ဘဂ၀ါ ဣတိပိ ဘဂ၀ါ
ဘဂ၀ါ ၀တ သော ဘဂ၀ါ
ဘဂ၀နံ္တ သရဏံ ဂစ္ဆာမိ
ဘဂ၀နံ္တ သိရသာ နမာမိ
န၀မော ၀ဇိရပါကာရော
သောဘဂ၀ါ ဣတိပိ ဘဂ၀ါ ။

၁၀။ သော ဘဂ၀ါ ဣတိပိ လောက၀ိဒူ
လောက၀ိဒူ ၀တ သော ဘဂ၀ါ
လောက၀ိဒုံ သရဏံ ဂစ္ဆာမိ
လောက၀ိဒုံ သိရသာ နမာမိ
ပဉ္စမော ၀ဇိရပါကာရော
သော ဘဂ၀ါ ဣတိပိ လောက၀ိဒူ ။

၁၁။ သော ဘဂ၀ါ ဣတိပိ သုဂတော
သုဂတော ၀တ သော ဘဂ၀ါ
သုဂတံ သရဏံ ဂစ္ဆာမိ
သုဂတံ သိရသာ နမာမိ
စတုတ္ထော ၀ဇိရပါကာရော
သော ဘဂ၀ါ ဣတိပိ သုဂတော ။

၁၂။ သော ဘဂ၀ါ ဣတိပိ အနုတ္တရောပုရိသဒမ္မသာရထိ
အနုတ္တရောပုရိသဒမ္မသာရထိ ၀တ သော ဘဂ၀ါ
အနုတ္တရံ ပုရိသဒမ္မသာရထိံ သရဏံ ဂစ္ဆာမိ
အနုတ္တရံ ပုရိသဒမ္မသာရထိံ သိရသာ နမာမိ
ဆဌမော ၀ဇိရပါကာရော
သော ဘဂ၀ါ ဣတိပိ အနုတ္တရောပုရိသဒမ္မသာရထိ ။

၁၃။ သော ဘဂ၀ါ ဣတိပိ ၀ိဇ္ဇာစရဏသမ္ပန္နော
ဝိဇ္ဇာစရဏသမ္ပန္နော ၀တ သော ဘဂ၀ါ
ဝိဇ္ဇာစရဏသမ္ပန္နံ သရဏံ ဂစ္ဆာမိ
ဝိဇ္ဇာစရဏသမ္ပန္နံ သိရသာ နမာမိ
တတိယော ၀ဇိရပါကာရော
သော ဘဂ၀ါ ဣတိပိ ၀ိဇ္ဇာစရဏသမ္ပန္နော ။

၁၄။ သော ဘဂ၀ါ ဣတိပိ သတ္ထာဒေ၀မနုဿာနံ
သတ္ထာဒေ၀မနုဿာနံ ၀တ သော ဘဂ၀ါ
သတ္ထာရံဒေ၀ မနုဿာနံ သရဏံ ဂစ္ဆာမိ
သတ္ထာရံဒေ၀ မနုဿာနံ သိရသာ နမာမိ
သတ္တမော ၀ဇိရပါကာရော
သော ဘဂ၀ါ ဣတိပိ သတ္ထာဒေ၀မနုဿာနံ ။

၁၅။ သော ဘဂ၀ါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ
သမ္မာသမ္ဗုဒ္ဓေါ ၀တ သော ဘဂ၀ါ
သမ္မာသမ္ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
သမ္မာသမ္ဗုဒ္ဓံ သိရသာ နမာမိ
ဒုတိယော ၀ဇိရပါကာရော
သော ဘဂ၀ါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ ။

၁၆။ သော ဘဂ၀ါ ဣတိပိ ဗုဒ္ဓေါ
ဗုဒ္ဓေါ ၀တ သော ဘဂ၀ါ
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဗုဒ္ဓံ သိရသာ နမာမိ
အဌမော ၀ဇိရပါကာရော
သော ဘဂ၀ါ ဣတိပိ ဗုဒ္ဓေါ ။

၁၇။ သော ဘဂ၀ါ ဣတိပိ အရဟံ
အရဟံ ၀တ သော ဘဂ၀ါ
အရဟနံ္တသရဏံ ဂစ္ဆာမိ
အရဟနံ္တ သိရသာ နမာမိ
ပထမော ၀ဇိရပါကာရော
သော ဘဂ၀ါ ဣတိပိ အရဟံ။

၁၈။ သော ဘဂ၀ါ ဣတိပိ ဘဂ၀ါ
ဘဂ၀ါ ၀တ သော ဘဂ၀ါ
ဘဂ၀နံ္တ သရဏံ ဂစ္ဆာမိ
ဘဂ၀နံ္တ သိရသာ နမာမိ
န၀မော ၀ဇိရပါကာရော
သောဘဂ၀ါ ဣတိပိ ဘဂ၀ါ ။

ဟိန်းဓမ္မဒါနပြုသည်

စက်ကြီး (၁၃)ပါး ဂါထာ ပါဠိတော်

သြောင်း - တစ်ရာ့ရှစ်ကွက် ဗုဒ္ဓစက်။
တစ်ဆယ့်လေးချက် ဓမ္မစက်။
တစ်ဆယ့်ရှစ်ချက် သံဃာ့စက်။
လရောင်းဝင်းလျက် ရှင်ပစ္စေကဗုဒ္ဓါ ရဟန္တာစက်။
မြင်းမိုရ်တောင်ဦး မြင့်ခေါင်ကျူးလျက် မိဘစက်။
ဂုဏ်ကျေးဇူး အထူးသိလျက် ဆရာ့စက်။
ဗြဟ္မစိုရ်လက်နက် ဗြဟ္မာ့စက်။
မိုးကြိုးလက်နက် သိကြားစက်။
လောင်မီးကျလျက် နတ်တို့စက်။
ဘွဲ့ဖြူလက်နက် ဘီလူးစက်။
တောင်ဟုန်းပြင်းလျက် ဂဠုန်မင်းစက်။
အာခံတွင်းက ဝင်းဝင်းတောက်လျက် နဂါးစက်။
သုံးထောင်သင်္ချာဟေဝန္တာ အာဏာစိုးလျက် သီဟစက်။
စက်ကြီးတစ်ဆယ့်သုံးပါး၊ ရွတ်သံကြားက ဘေးများမြင်မှု၊
မကောင်းစုတို့၊ ဝေးကကြဉ်ရှောင်၊ အောင်စေတတ်သည်။
မြတ်သည့်ဆရာ ပညာတည်း။
သြောင်း - နမော ဗုဒ္ဓါ နုဘာဝေန၊
သြောင်း - နမော ဓမ္မာ နုဘာဝေန၊
သြောင်း - နမော သံဃာ နုဘာဝေန၊
သြောင်း - ဒူရေ ဒူရေ၊ သွား ဟုံ ဟုံ။

စက်ကြီး (၁၃)ပါး ဂါထာမန္တန်တော် ရွတ်ဆိုရခြင်းအကျိုး

စက်ကြီး (၁၃)ပါး ဂါထာမန္တန်တော်ကို နေ့စဉ် ရွတ်ဖတ်ခြင်းဖြင့် မိမိတို့အိမ်၌ ကျက်သရေမင်္ဂလာ တိုးတက် ပွားများစေပါသည်။ ကျရောက်ဆဲ၊ ကျရောက်လတ္တံ့သော ဘေးအန္တရာယ်များလည်း ကင်းဝေးစေပါသည်။ ထို့ပြင် အမိ၊ အဘ၊ ဆရာသမား စသော ချစ်ခင်နှစ်သက်သူတို့နှင့် မကွဲမကွာ အတူတကွ နေထိုင်ရသော အကျိုးတို့ကိုလည်း ရရှိစေနိုင်ပါသည်။

ဤဂါထာမန္တန်တော်ကို ကုန်းလမ်း၊ ရေလမ်း၊ လေယာဉ်ခရီးလမ်းတို့ သွားလာရာ၌ အထူးသတိပြုကာ တလေးတစား ရွတ်ဆိုပွားများသင့်ပါသည်။ ယင်းဂါထာမန္တန်တော်ကို ရွတ်ဖတ်ပွားများပြီးသောအခါ မိမိကိုယ်စောင့်နတ် အပါအဝင် နတ်တို့အား အမျှပေးဝေပါ။ လမ်းခရီး၌ အန္တရာယ် တစ်စုံတစ်ခု ကြုံလာသည့်တိုင် ၎င်းနတ်တို့က မိမိအား ကျေးဇူးတင်သောအားဖြင့် တုံ့ပြန်ကူညီကြလိမ့်မည်။ သူတော်ကောင်း နတ်ကောင်းမ ဆိုသည့် သဘောကို စဉ်းစား ဆင်ခြင်ရန် ဖြစ်ပါသည်။

Posted by အဲလာ

 

ခုနှစ်နေ့ဘုရားရှိခိုး

(၁)သန္ဓေယူတော်မူသောနေ့
ကြာသာပတေးနေ့

သုံးလူ့ရှင်ပင်၊ ကျွန်းထိပ်တင်၊ သောင်းခွင်
စကြာဝဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊
တောင်းပန်မူကြောင့်၊ ရတုနဂိုရ်၊ ရွှန်းရွှန်းစိုသည်
“ဝါဆိုလပြည့် ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ
သန္ဓေ ယူသည်” နတ်, လူ ငြိမ်းဖို့ကိန်းပါကို…။

(၂) ဖွားတော်မူသောနေ့
သောကြာနေ့

သန္ဓေယူကာ၊ ဆယ်လကြာသော်၊
“မဟာ သက္ကရာဇ်၊ ခြောက်ဆယ်ရှစ်ကြုံ၊ ကဆုန်လပြည့်
သောကြာနေ့ဝယ်” ချမ်းမြေ့စုံစီ၊ လုဗ္ဗနီ ၌မဟီလှိုက်ဆူ၊
“ဖွားတော်မူ”သည် ၊ နတ်လူအောင်မျှို့လမ်းပါကို…..။

(၃)တောထွက်တော်မူသောနေ့
တနင်္လာနေ့

ဖွားမြင်မြောက်သော်၊ ဆယ်ခြောက်နှစ်ရွယ်
ပျိုမြစ်နုနယ်၌၊ သုံးသွယ်ရွှေနန်း သိမ်းမြန်းပြိးလစ်၊
ဆယ်သုံးနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊
“ရွယ်မူနုဖြိုး၊ နှစ်ဆယ်ကိုးဝယ်” လေးမျိုးနိမိတ်၊
နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုက၊
“၀ါဆိုလပြည့် ကျားမင်းနေ့ဝယ်၊ ချမ်းမြေ့ရဂုံ
တော်ရပ်လှုံသည်” စုံမြိုင်ပင်ရိပ်ခမ်းမှာကို……။

(၄) ဘုရားဖြစ်သောနေ့
ဗုဒ္ဓဟူးနေ့

တောရပ် မြိုင်ပေါ်၊ ခြောက်နှစ် ပျော်၍၊
ခါတော်တစ်ဖုံ၊ ပွင့်ချိန်ကြုံက၊ “ကဆုန်လပြည့်၊
ဆင်မင်းနေ့ဝယ်” မြေ့ပရမေ၊ ပလ္လင်ဗွေထက်၊
ရွှေညောင်တော်ကြိး ဗိတာန် ထိးနှင့်၊ မငြိးကြည်
ဖြူနေတော်မူလျက်၊ ရန်မြူခပင်း၊ အမိုက်သင်းကို
အရှင်းပယ်ဖျောက်၊ အလင်းပေါက်ကာ၊
ထွန်းတောက် ဘုန်းတော်၊ သောင်းလုံး ကျော်သည်၊
သုံးဖော်လူတို့ ငြမ်းပါကို….။

(၅)ဓမ္မစင်္ကြာဟောတော်မူသောနေ့
စနေနေ့

ဘုရားဖြစ်ကာ၊ မိဂဒါသို့၊ စကြာရွှေဖ၀ါးဖြန့်ချီ
သွား၍၊ ငါးပါးဝဂ္ဂီစုံအညိနှင့် မဟီတစ်သောင်း
တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာ
အား“၀ါဆိုလပြည့်၊ စနေနေ့ဝယ်၊ ကြွေ့ကြွေ့
လျှံတက်၊ ဓမ္မစက်ကို” မိန့်မြွတ်ထွေပြား၊
ဟောဖော်ကြားသည်၊ တရားနတ်စည်ရွှမ်းတယ်ကို….။

(၆)ပရိနိဗ္ဗာန်
အင်္ဂါနေ့

တရားနတ်စည်၊ ဆော်ရွှမ်းလည်က၊
သုံးမည်ဘုံသိုက် တစ်သောင်းထိုက်ဝယ်၊
ကျွတ်ထိုက်သသူ နတ်လူဗြဟ္မာ၊
သတ္တ၀ါကို ခေမာ သောင်သို့
ဖောင်ကူးတို့ဖြင့် ဆောင်ပို့ပြီးကာ၊
“၀ါလေးဆယ့်ငါး သက်ကားရှစ်ဆယ်”
စုံပြည့်ကြွယ်က ရာလေးဆယ်ရှစ်(၁၄၈)၊
သက္ကရာဇ်ဝယ်၊ နယ်မလ္လာတိုင်း၊
စံနိုင်းမယုတ် ကုဿိန္နာရုံ အင်ကြင်းစုံ၌
“ကဆုန်လပြည့် အင်္ဂါနေ့ဝယ်”
ချမ်းမြေ့နိဗ္ဗူ စံတော်မူသည်၊
ဝှန်းဆူသောင်းလုံးကျော်တယ်ကို….။

(၇)တေဇောဓာတ်လောင်ကျွမ်းသောနေ့
တနင်္ဂနွေနေ့

နဗ္ဗူစံပြီး၊ ရှုမအီသာ၊ သိင်္ဂိ ရွှေလှော်၊
လောင်းတော်ကို “ထိုရော်ကဆုန်၊ လဆုတ်
ကြုံ၍၊ ဂဠုန်နေ့ဝယ်” ခိုးငွေ့မနှော၊ ဓာတ်တေ
ဇောလျှံတက် ကော်ရော်၊ မိးပူဇော်သည်၊
မွေတော်ရှစ်စိတ်ကြွင်းတယ်ကိုး…။

ဗုဒ္ဓဘာသာတိုင်းသိသင့်သော ဘုရားရှိခိုး

သြကာသ ၊ သြကာသ ၊ကာယကံ ၊ ၀စီကံ ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာပထမ ၊ ဒုတိယ ၊ တတိယ ၊ တစ်ကြိမ် ၊နှစ်ကြိမ် ၊သုံးကြိမ် မြောက်အောင် ဘုရားရတနာ ၊ တရားရတနာ ၊သံဃာရတနာ ၊ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏အရှင်ဘုရား ။ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး ၊ ကပ်သုံးပါး ၊ ရပ်ပြစ်ရှစ်ပါး ၊ ရန်သူမျိုးငါးပါး ၊ ၀ိပတ္တိတရားလေးပါး ၊ ဗျဿနတရား ငါးပါး တို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ နိဗ္ဗါန်ချမ်းသာ တရားတော်မြတ်ကို ရပါလို၏အရှင်ဘုရား။

အနက် ။ ။ သြကာသ သြကာသ ၊သြကာသ - ရှိခိုးပါရစေ အခွင့်ပြုတော်မူပါ (၃) ကြိမ် ။ ကာယကံ ၊၀စီကံ ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပစေခြင်းအကျိုးငှာ - ကိုယ်ဖြင့် ပြုမူပြစ်မှားမိခဲ့သော ကာယအမူ၊ နှုတ်ဖြင့် ပြောဆိုပြစ်မှားမိခဲ့သော ၀စီအမှု ၊ စိတ်ဖြင့်ကြံစည်ပြစ်မှားမိခဲ့သော မနောအမှု စသည့် ထိုကံသုံးပါးတွင် တစ်ပါးပါး သော ကံတို့ဖြင့် ဘုရား၊ တရား၊ သံဃာ၌လည်းကောင်း ၊ ဆရာသမား မိဘ ဘိုးဘွား အစရှိသော လူကြီးသူမများ၌ လည်းကောင်း ပြစ်မှားမိခဲ့လျှင် ကင်းရှင်းပြေပျောက်ပါစေခြင်း အကျိုးငှာ ၊ ပထမ ၊ဒုတိယ ၊တတိယ ၊ တစ်ကြိမ် ၊နှစ်ကြိမ် ၊သုံးကြိမ်မြောက်အောင် - ပထမက ဒုတိယ ၊ ဒုတိယက တတိယ ၊ တစ်ကြိမ်က နှစ်ကြိမ် ၊ နှစ်ကြိမ်က သုံးကြိမ်တိုင်အောင် ဘုရားရတနာ ၊ တရားရတနာ ၊ သံဃာရတနာ ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ၊ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏အရှင် ဘုရား ။ ဟိတ်ဟန်မပြ မာန်မာန လျော့ချ၍ ကြည့်ရှုဖူးမြော် ကန်တော့ပါ၏ အရှင်ဘုရား ။

ကန်တော့ရသော အကျိုးအားကြောင့် - ဤကန်တော့ရသော ကုလိုလ်အကျိုးအား အစွမ်းကြောင့် ၊ အပါယ်လေးပါး - (၁) ကုသိုလ်ကောင်းမှု များစွာပြုခွင့်မရကြသော ငရဲကြီးများဖြစ်ကြသည့် (က) အကုလိုလ်ကံ မကုန်သေးသမျှတစ်ခါတည်း သေကြေပျောက်ပျက်မသွားဘဲ ထပ်ခါထပ်ခါ အသက်ရှင်လျှက် ငရဲထိန်းတို့၏ ခုတ်ဖြတ်မှုကိုသာ ပြင်းစွာခံကြရရှာသော သိဉ္စိုးငရဲ ၊ (ခ) ငရဲသားတို့ကို ငရဲထိန်းတို့က သားကောင်ကို ခွေးတွေ လိုက်သလို အတင်းလိုက်ကြပြီး မောဟိုက်သွားသည့်အခါ သစ်တုံးကြီးကို သစ်ရွေသမားတို့က ခုတ်ရွေကြသကဲ့သို့ ကျကျနန မျဉ်းကြိုးချ၍ ပက်လက်တစ်မျိုး ၊ မှောက်လျက်တစ်မျိုး ၊ ၀ဲယာတစ်မျိုး ၊ ရှေ့နောက်တစ်မျိုး အားဖြင့် အကုလိုလ်ကံ မကုန်သေးသ၍ လွတ်ခွင့်မရနိုင်ကြ ဘဲ အမျိုးမျိုးခုတ်ရွေခံကြရသည့် ကာဠသုတ်ငရဲ ၊ (ဂ) အောက်မြေအပြင်မှာ မီးလျံတွေထလျှက် အထု (၉) ယူဇနာရှိသော သံမြေပြင်ကြီးဖြစ်၌ ငရဲသားတို့ဟာ ထန်းပင်ငုတ်လေးတွေစိုက်ထားသလို ခါးထိအောင်စိုက်ထားခြင်းခံရပြီး အရှေ့အရပ်မှ လာသော သံတောင်ကြီးက စားမည်ဝါးမည်ဆိုနေသလို တဒိန်းဒိန်း တခြိမ်းခြိမ်းမြည်ဟီးလျက် ကြိတ်ကာကြိတ်ကာ အနောက်အရပ်သို့ သွားပြီး ၊ နောက်တောင်အရပ်မှ သံတောင်ကြီးက ထိုနည်းအတိုင်းပင် ကြိတ်ကာကြိတ်ကာမြောက်အရပ်သို့သွားပြီးလျှင် အနောက်အရပ်သို့ ရောက်ပြီးသော သံတောင်ကြီးကလည်း အရှေ့အရပ်သို့ကြိတ်ကာကြိတ်ကာပြန်၍လာခြင်းဖြင် အရပ်လေးမျက်နှာမှသံတောင်တွေ သန်းဥတုတ်သလို ဖိနှိပ်ကြိတ်ချေသော်လည်း အကုသိုလ်ကံ မကုန်သမျှငုတ်စုစု ပေါ်ထွက်လျက် ဆက်ကာဆက်ကာ အကြိတ်ခံရရှာသော သံဃာတငရဲ ၊ (ဃ) မိးတောက်တို့သည် တ၀ုန်းးဝုန့်း ထလျက် ငရဲသို့ကျရောက်သူတို့၏ ဒွါရ (၉) ပေါက်မှ အတင်းဝင်ရောက်လောင်ကျွမ်းသဖြင့် အလွန်အားငယ်စွာ တစာစာအော်ကြရရှာပြီး ပြင်းစွာငိုကြွေးခြင်းဖြင့် မီးတောကမီးလျှံ အလောင်ခံနေကြရသေ ရောရုာဝငရဲ ၊ (င) မီးခိုးတို့တစ်ငရဲလုံးဖုံး
လွမ်းနေပြီး ငရဲသို့ကျရောက်သူတို့ကို မီးခိုးတို့ကအတွင်းအပြင် အတင်းဝင်၍ နှူးနှပ်ကြသောကြောင့် ငရဲသူ ငရဲသားတို့မှာ ဘာမှနတတ်နိုင်ကြတော့ပဲ သနားစဖွယ် အားငယ်စွာ အော်နေကြရရှာသော မဟာရောရုဝငရဲ ၊ (စ) ငရဲသို့ကျရောက်သော သတ္တ၀ါများကို ထန်းလုံးလောက်ကြီးမား၍ မီးလျှံထသော သံတံကျင်၌ မလှုပ်နိုင်အောင် စိုက်ထားပြီးလျှင် ထိုသံတံမှ ထွက်သော မီးလျှံတို့က အမြဲပူလောင်စေတတ်သော တာပနငရဲ ၊ (ဆ) မီးလျှံထနေသော သံတောင်ကြီးနှင့် ထိုသံတောင်၏အောက်ခြေ၌ သံတံကျင်တွေစိုက်ထူထားပြီး ငရဲသူငရဲသားတို့ကို ငရဲထိန်းတို့က သံတောင်ပေါ်သို့ မတက်တက်အောင် ရိုက်နှက်၍ တင်ကြပြီး သံတောင်ပေါ်သို့ရောက်သောအခါ ကံကြမ္မာအလျောက် လေမုန်တိုင်းပေါ်ပေါက်၍ ထိုလေမုန်တိုင်းက တောင်ခြေ၌ရှိသော တံကျင်ပေါ်ရောက်အောင် တိုက်လွှင့်ချလိုက်သဖြင့် တံကျင်အဖျား၌ ကား
ခနဲ စူးဝင်ခြင်းခံကြရရှာသော မဟာတာပန ငရဲ ၊(ဇ)မီးတောကိမီးလျှံများ အကြားမရှိပဲ တစ်ငရဲလုံးမီးလျှံများဆက်နေပြီးငရဲသားချင်းလည်း ၀ါးကျည်တောက်အတွင်း မုန်ညှင်းစေ့ကလေးတွေ ပြည့်ကျပ်နေသကဲ့သို့ အကြားမရှိပြည့်ကျပ်နေအောင် ဆင်းရဲဒုက္ခ အကြားအရှိ ၊ ဒုက္ခမှ လွတ်ကင်း၍ ချမ်းသာခွင့် လုံးဝမရနိုင်ဘဲ မီးလျှံ ၊ သတ္တ၀ါ ၊ ဆင်းရဲခြင်း ဒုက္ခဤသုံးမျိုးတို့ဆက်စပ်နေသော အ၀ီစိငရဲတို့နှင့် ထို ငရဲတစ်ထပ်တစ်ထပ်၌ ဘင်ပုပ်ငရဲ ၊ ပြာပူငရဲ ၊ လက်ပံတောငရဲ ၊ သန်လျက်ရွက်တောငရဲ ၊ဝေတ္တရဏီ“ သံရည်မြစ်ငရဲ ၊ ဟု တံတိုင်းခတ်သကဲသို့ ရံပတ်၍နေသော ငရဲအရပ်၌ ကျရောက်ရခြင်းလည်းကောင်း ၊ (၂) ဆင် ၊မြင်း ၊ ကျွဲ ၊ နွား ၊ ခွေး ၊ ကြက် ၊ ငှက် ငါးလိပ်စသော ကုန်းနေ ရေနေ အခြေလေးချောင်း ၊ အခြေနှစ်ချောင်း ၊ အခြေအများ သတ္တ၀ါတို့နှင့် မြွေ စသော အခြေမရှိသော သတ္တ၀ါများဖြစ်ကြသည့် တိရစ္ဆာန် အဖြစ်ရောက်ရခြင်းလည်းကောင်း ၊ (၃) တစ္ဆေ ၊ မှင်စာ ၊ သရဲ သဘက် အစိမ်းဖုတ်ကောင် ၊ကျတ်ကောင် စသည့် ပြိတ္တာ ဖြစ်ရခြင်းလည်းကောင်း ၊(၄) ပြိတ္တာအကြီးစားများ ဖြစ်ကြပြီး နေ့စံညခံ ၊ ညခံနေ့စံ စသည်ဖြင့်လည်း ခံနေကြရရှာသော အသူတကာယ် အရပ်၌ ကျရောက်ရခြင်းလည်းကောင်း ၊ ကပ်သုံးပါး - (၁) တုတ် ဓါး သေနတ် ဗုံး အမြောက် စသောလက်နက်ဖြင့် သေကြေပျက်စီးရခြင်း (သတ္တန္တရကပ် ) ၊ (၂) ပလိပ်ရောဂါ ၊ ကာလရောဂါ ၊ ကျောက်ရောဂါ ၊ အဖျားရောဂါ စသည်ဖြင့် ကူးစက်မြန်သောကြောင့်မြို့နယ်အနှံ့ သေကြေပျက်စီးရခြင်း (ရောဂန္တရကပ်) ၊(၃) မြို့နယ်အနှံ့အပြားတို့၌ အစားအသောက်ပြတ်ငတ်၍ သေကြေပျက်စီးရခြင်း ( ဒုဗ္ဘိက္ခန္တရကပ် ) တို့နှင့် ကြံကြိုက်ရခြင်းလည်းကောင်း ၊ ရပ်ပြစ်ရှစ်ပါး - မဂ်ဖိုလ်ရအောင် တရားအားထုတ်ခွင့်မရခြင်းကြောင့် အပြစ်ဖြစ်သော အရပ်ေးသများဖြစ်ကြသည့် (၁၊၂၊၃) ဘုရားပွင့်နေဆဲအခါ ငရဲ ၊ တိရစ္ဆာန် ၊ပြိတ္တာ စသော အပါယ်အရပ် ( အသူတကယ်ကို ပြိတ္တာမျိုး၌ယူ ) ၊ (၄) ဘုရားရှင်ပွင့်ဆဲ ဘုရားရှင်ကိုမဖူးတွေ့နိုင် ၊ တရားမနာနိုင်ကြရှာသော ခန္ဓာကိုယ်သာရှိ၍ စိတ်ဝိညာဏ်မရှိသော အသညသတ်ဗြဟ္မာများနှင့် စိတ်ဝိညာဏ်သာရှိပြီး ခန္ဓာကိုယ်မရှိသော အရူပဗြဟ္မာများဖြစ်ကြသည့်
ဒီဃာယုနတ်တို့အရပ် ၊ (၅) အစွန်အဖျား တောတောင်အကြား လူရိုင်းများနေသည့် ပစ္စ န္တရာဇ်အရပ် ၊ (၆) ဘုရားပွင့်ဆဲအခါ မိစ္ဆာဒိဋ္ဌိရှိနေခြင်း ၊ (၇) ဘုရားပွင့်ဆဲအခါ တရားနာလည်းလောက်သော ဥာဏ်မရှိသူ ၊(၈) တတ်သိနားလည်လောက်သော ဥာဏ်ရှိသော်ငြားလည်း ဘုရားမပွင့်သောအခါလူ ဖြစ်ရခြင်းလည်းကောင်း ၊ ရန်သူမျိုးငါးပါး- (၁) ရေ ၊(၂) မီး ၊ (၃) ခိုးသူ ၊(၄) အမွေခံသားဆိုး သမီးဆိုး (၅) မင်းဆိုး စသည့် ဘေးငါးမျိုးနှင့်ကြုံတွေ့ရခြင်းလည်းကောင်း ၊ ၀ိကတ္တတရားလေးပါး - ဖောက်ပြနချို့ယွင်းခြင်း ၊ ပျက်စီးခြင်းဟုဆိုအပ်သော (၁) မင်းဆိုး မင်းယုတ်အုပ်စိုးသောအခါ ဖြစ်သည့် ကာလ၀ိပတ္တိ ၊(၂) အအပါယ်လေးပါးတို့၌ဖြစ်ရခြင်း စသည့်မကောင်းသော ဂတိဖြစ်၍ ဂတိဝိပတ္တိ ၊ (၃) ရုပါအဆင်းအင်္ဂါချို့တဲ့ခြင်းစတဲ့ ဥပဓိဝိပတ္တိ ၊(၄) အသိအလိမ္မာ ဥာဏ်ပညာ သတိဝီရိယမရှိပဲ ပြုမူ ၊ပြောဆို
ကြံစည်မူ ပယောဂ၀ိပတ္တိ စသည့်မကောင်းသော အဖြစ်ဆိုးတို့နှင့်လည်းကောင်း ၊ဗျဿနတရားငါးပါး - (၁) ဆွေမျိုးပျက်စီးခြင်း ဥာတိဗျဿန ၊(၂) စည်းစိမ်ဥစ္စာ ပျက်စီးခြင်း ဘောဂဗျဿန ၊(၃) အနာရောဂါဖြစ်ခြင်း ရောဂဗျဿန ၊(၄) မှားယွင်းသော မိစ္ဆာအယူကိုယူခြင်း ဒိဋ္ဌိဗျဿန ၊ (၅) သီလပျက်ခြင်း သီလဗျဿန စသောပျက်စီးခြင်းတို့နှင့် ကြုံတွေ့ရခြင်း ဟူသော ၊ အခါခပ်သိမ်းကင်းလွတ်ငြိမ်းသည်ဖြစ်၍ -ဤမကောင်းသော တရားတို့မှ အခါခပ်သိမ်းကင်းလွတ်ငြိမ်းသည်ဖြစ်၍ ၊ မဂ်တရား - သောတာပတ္တိမဂ် ၊ သကဒါဂါမိမဂ် ၊ အနာဂါမိမဂ် ၊ အရဟတ္တမဂ် ၊ ဖိုလ်တရား - သောတာပတ္တိဖိုလ် ၊ သကဒါဂါမိဖိုလ် ၊ အနာဂါမိဖိုလ် ၊ အရဟတ္တဖိုလ် ၊ နိဗ္ဗါန်ချမ်းသာ - ခန္ဓာအသစ် တစ်ဖန်မဖြစ်ရာ ၊သေခြင်းသဘောလည်း မရှိရာ ၊ ဒုက္ခအပေါင်းမှလည်း ကင်းဝေးရာ အမြတ်ဆုံးချမ်းသာဖြစ်သည့် နိဗ္ဗါန်စသော ၊ တရားတော်မြတ်တို့ကို သံသရာ၌ ကြာရှည်စွာ မကျင်လည်ရတော့ပဲ အမြန်ဆုံး ရရပါလို၏ အရှင်ဘုရား ။

 

Posted by အဲလာ

 
  Today, there have been 3 visitors (5 hits) on this page! မြတ်ဗုဒ္ဓတရားတော်များ ပြန့်ပွားရေးအတွက် အကြောင်းအရာများ အားလုံးကို ကူးယူနိုင်ကြပါသည်  
 
မြတ်ဗုဒ္ဓတရားတော်များ ပြန့်ပွားရေးအတွက် အကြောင်းအရာများ အားလုံးကို ကူးယူနိုင်ကြပါသည် This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free